သီးခြား စာမျက်နှာ

Thursday, September 1, 2011

မှောင်ခို ငွေလဲ ဈေးကွက် တွင် ဒေါ်လာ သန်းထောင် ချီ လည်ပတ်နေ


မြန်မာ နိုင်ငံ ၏ မှောင် ခို ငွေလဲ ဈေးကွက် တွင် အမေရိကန် ဒေါ်လာ သန်းထောင်ချီ လည်ပတ်
နေသည် ဟု မြန်မာ ၀ီကီလိခ် မှ ရရှိ သော ငွေကြေး ဈေးကွက် မှတ်တမ်း များ အရ သိရသည်။
မြန်မာ နိုင်ငံ တွင်း ရှိ အစိုးရ အဖွဲ အစည်းများ ဗဟိုဘဏ် နှင့် အစိုးရဘဏ်များ မှ ပိုင်ဆိုင်
သည့် အမေရိကန် ဒေါ်လာ များမှာ သန်း ၄၀၀၀ ခန့် ရှိ သည်။ ဟိုတယ် ၊ ခရီးသွားလာ ရေး
၊လေကြောင်း ၊ ပို့ ကုန်သွင်းကုန် စသည့် ပုဂ္ဂလိက လုပ်ငန်းများ မှ လည်း အမေရိကန် ဒေါ်လာ
ငွေ အနည်းဆုံး သန်း ၅၀၀၀ ဖိုးခန့် ပိုင် ဆိုင်သည်။
မြန်မာ နိုင်ငံ တွင်း ရှိ ပုဂ္ဂလိက ဘဏ်များ ၏ အမေရိကန် ဒေါ်လာ ပိုင် ဆိုင် မှု မှာ သန်း ၈၀၀
ခန့် ရှိ ပြီး ၊ အစိုးရ မဟုတ် သည့် အကူအညီပေးရေး NGO များ ပိုင် ဆိုင်သည့် အမေရိကန်ဒေါ်
လာ ငွေများ မှာ မူ သန်း ၁၀၀၀ ကျော်ဖိုး ခန့် ရှိ သည်။


မှောင်ခို ငွေ လဲလှယ် သည့် ဈေးကွက် တွင် ဒေါ်လာ သန်း ၂၀၀၀ နီးပါး ရှိ မည် ဟု ခန့် မှန်းရပြီး
ထို ငွေကြးဈေးကွက် တွင် နိုင်ငံ ခြားတိုင်း ပြည်ရောက် မြန်မာ များ မှ ပြည်တွင်း သို့  ပြန်ပို့ ငွေများ
ကမ္ဘာလှည့် ခရီးသွားများ ၏ လဲလှယ်မှုများ၊ နယ်စပ် မှ ပစ္စည်း တင်ပို့  ရန် နှင့် သွင်းယူရန် လဲ
လှယ်မှု များ မြန်မာ ပြည်ရောက် နိုင်ငံ ခြား သံတမန် နှင့် ပြည်ပ အဖွဲ့  အစည်းများ မှ လဲလှယ်မှု
များ ၊ ပြည်တွင်း မှ ပန်းချီကား ၊ ရိုးရာ အမှတ်တရ နှင့် ရှေးဟောင်း ပစ္စည်း ၀ယ်ယူ ရန် အတွက်
လဲ လှယ် မှု များ အစ ရှိ သည် တို့  ပါဝင် သည်။


မြန်မာ နိုင်ငံ တွင်း သို့  နေ့ စဉ် အမေရိကန် ဒေါ်လာ သန်း ၄၀ မှ ၁၅၀ ထိ အကြောင်း အမျိုး မျိုး
ဖြင့် ၀င်ရောက် သည်။ ၂၀၀၈ ခုနှစ် နှင့် ၂၀၁၁ ခု နှစ် များသည်  မြန်မာ နိုင်ငံ တွင်းသို့  အမေရိကန်
ဒေါ်လာ ငွေ စက္ကူ များ ၀င်ရောက် မှု အများ ဆုံး နှစ် ဖြစ်သည်။




ယခု တွက် ချက် မှု ထဲ တွင် ပြည်ပ မှ နိုင်ငံ တွင်း သို့  စီးပွားရေး အရ ရင်းနှီးမြုပ် နှံ ရန် ၀င်ရောက်
လာ သည့် ငွေကြေးများ မပါဝင် ပါ။





No comments:

Post a Comment

Note: Only a member of this blog may post a comment.