သီးခြား စာမျက်နှာ

Wednesday, December 8, 2010

ဦးအောင်သောင်း ၏ အာဏာသိမ်းရန်ကြံစည်မှု (အပိုင်း ၂ )

ဒုဗိုလ် ချုပ်မှုးကြီး မောင်အေး ဟာ စစ်တပ် ကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လို နိုင်နိုင်နင်းနင်း အုပ်ချုပ် နိုင်ပေမယ့်နိုင်ငံကို အုပ်ချုပ်မှု ပိုင်းမှာ တော့ ဘယ်တော့ မှ အစွမ်းရှိ မှာ မဟုတ်ကြောင်း တရုတ် သမ္မတ ကျန်ဇီမင်းက ၁၉၉၅ ခုနှစ် ကတည်းက သုံးသပ် ခဲ့သည်။ ဗိုလ်ချုပ်မှုးကြီး မောင်အေးက တစ်နေ့ ဗိုလ်သန်းရွှေ ကို လုပ်ကြံလိမ့် မည် (သို့ မဟုတ်) အာဏာသိမ်းလိမ့် မည် ၊ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က လည်း ဗိုလ်ချုပ် မောင်အေး ကိုဖြုတ်ချ လိမ့် မည် စသဖြင့် ကောလ ဟာလ များ သတင်းစကား များ ထွက် ရှိလာ ခဲ့သော်လည်း အတိုက်အခံနှင့် မြန်မာ ပြည်သူ တို့ ၏ ထို အိပ်မက်သည် ဘယ်တော့ မျှ ဖြစ်မလာခဲ့။ သို့ ဆိုလျှင် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို ရာနှုန်းပြည့် သစ္စာ စောင့်သိသူ တစ်ယောက် ဖြစ်ပါသလား??? ၁၉၈၈ ခုနှစ် စစ်တပ် က အာဏာသိမ်းပြီးနောက် ပိုင်း နှစ်စဉ် သင်္ကြန် တိုင်း တွင် အရက်မူးနေ လေ့ရှိသည့် ဒုတိယ ဗိုလ်ချုပ် မှုးကြီးမှာ ဒီနှစ် သင်္ကြန်တွင် တော့ ထူးထူးခြားခြား ပင် ရန်ကုန် မှ ထူးခြား ဖြစ်စဉ် များ ကို သူ့ ဆီ စက္ကန့် နှင့် မလပ် သတင်း ပို့ နေရန် ရန်ကုန် တိုင်းမှုး ဗိုလ်မှုးချုပ် ၀င်းမြင့် အပါအ၀င် ၊ စစ်ဒေသ မှုးများကို ဧပြီလဆန်း ထဲ မှ ညွှန်ကြားချက် ပေးထားသည်။ အရေးကြီးလျှင် ကြီး သလို သူ၏ ကိုယ်ရေး အရာရှိ ကိုကျော်၍ သူ့ ကိုယ် တိုက်ရိုက် ဆက်သွယ် နိုင် အက္ခရာ ဂဏန်း သုံးလုံး ဖြင့် တည်ဆောက်ထားသည့် ဂဏန်း ကိုး လုံးပါ ဖုံးနံပါတ် ကို ပေးထားသည်။ သင်္ကြန် အကြတ်ရက် မနက် တွင် တော့ ရန်ကုန် တိုင်း တိုင်းမှုး နှင့် စစ်ဒေသ များ ကို သူက ထပ်မံပင် အမိန့် ပေးလိုက်သည် ၊ လုံခြုံရေး အထူး ဂရုပြုရန် ၊ သင်္ကြန်ကာလ လုံခြုံရေးတာဝန်ယူထား သည့် ရဲဘော်များ ကို ဒန်ပေါက် ထမင်း ၀ယ်ကျွေးရန် တို့ ဖြစ်သည်။ပထမ ရက်များ တွင်ထူးထူးခြားခြား မရှိ သော် လည်း၊ သင်္ကြန် အကြတ်နေ့ တွင် ညနေ လေးနာရီ ခန့် တွင်တော့ ခေါ်ဆိုမှု တစ်ခု ရှိနေကြာင်း အချက်ပေးသံ မည် လာပါသည်။ ဗိုလ်ချုပ်မှုး ကြီး မောင်အေးသည် ရုတ်ချည်း ဆိုသလို ပင် ထိုဖုန်း ကို ကောက်ကိုင်လိုက် သည်။ ဖုန်းထဲ မှ အသံကား “အဘရေ ….ကျွန်တော်တော့ ထိသွားပြီ ….မနေရတော့ ဘူး ထင်တယ်” ဟူ ၍ ဖြစ်သည်။ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး တွေ ဝေ သွား သည် ။ ချက်ခြင်း ဆို သလို ပင်…. ထိုသတင်းပေး ပို့ မှုကား အမှတ် (၄) စစ်ဒေသမှုး ဗိုလ်မှုးကြီး အုံးချိုပင် ဖြစ်သည်။ သူကား ဗုံးပေါက်ကွဲမှု ကြောင့် ၀မ်းဗိုက် ပေါက်သွားခဲ့ပြီး မသေမရှင် ကျန် ခဲ့သူများ တွင် အခြေအနေ အဆိုးဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ ဗိုလ်ချုပ် မှုးကြီး မောင်အေး ၏ လူရင်း လည်း ဖြစ်သည်။ ဗိုလ်ချုပ် မောင်အေး ၏ ညီမ ဖြစ်သူ လာဗင်ဒါ ၏ ရန်ကုန် ရှိ စီးပွားရေး လုပ်ငန်းများ နှင့် ဗိုလ်ချုပ် မောင်အေး သမီး ၏ ယခင် ဗားကရာ လမ်း မှ Queen Star ကွန်ပျုတာ ကုမ္ပဏီ ၏ လုံခြံရေး ကို ယူထားရ သူ လည်း ဖြစ်သည်။ (နောက်တော့ ဗိုလ်ချုပ် မောင် အေး ကား ဗိုလ်မှုးကြီး အုံးချိုကို စင်္ကာပူ တွင် ဆေးသွား ကုဖို့ ပိုက်ဆံ ထုတ် ပေး ပါသည်) ထို ဗုံးပေါက်ကွဲမှု သည် နေရွှေ သွေးအောင် ထို မဏ္ဍပ် သို့ ရေကစားရန် အလာ မိနစ် ပိုင်းခန့် အလိုတွင် ဖြစ်သည်။ ဗုံးပေါက်ကွဲရာ နေရာတွင် အခြား သင်္ကြန် နေ့ များ ထက် လုံခြုံရေးကပို များ နေသည် ဗိုလ်မှုး ကြီး အုန်းချို ၊ မင်္ဂလာတောင်ညွန့်  မယက ဥက္ကဌ အပါအ၀င် စစ်သား နှင့် အရာရှိ အယောက် လေးဆယ် ထက်မနည်းရှိ သည်။ ဗိုလ်ချုပ်ကြီး မောင်အေး ကတော့ သူ့ မျက် စေ့ရှေ့ တွင် ပင်ကြီးလာသည့် ထို ကလေး ကို ယခုကဲ့သို့ ဗုံးခွဲ ၍ လုပ်ကြံမည် တော့ မဟုတ်ပါ။သို့ ဆိုလျှင် မည် သို့ သော အစီအစဉ် များရှိ ၍ ယခုမှ ရန်ကုန်တစ်မြို့ လုံးမှာ ပင် လျှင် ကန်တော်ကြီး စောင်း ၏ လုံခြုံရေး ကို ပို၍ အာရုံထားနေပါ လိမ့် ဆိုတာစဉ်းစား၍ မရ ဖြစ်လိမ့်မည်။ အမှန်တော့ လက်လွန် ချေလွန် ဖြစ်နေသည့် ခမည်းခမက် ဦးအောင်သောင်း ၏ အကြံအစည်ကို တတ်နိုင် သမျှ ဟန့် တားလိုခြင်းသာ ဖြစ်သည်။ သားသမီး မြေးမြစ် တို့  အချိန် တန် အရွယ်ရောက် ထိုက်သင့်သည့် စီးပွားဥစ္စာ များ လည်း စုဆောင်း မိပြီ ဖြစ်သည့်  ဦးအောင် သောင်းသည် မိမိ နှင့် မိမိ ၏တစ်မိသား စု လုံးကို ဗိုလ်နေ၀င်းသား သမီးများ ဖြစ်သလို ၊ ဗိုလ်တင်ဦး နှင့် ဗိုလ် ကျော်ဘ သားသမီး များ ဖြစ်သလို ၊ ဗိုလ်ခင်ညွန့် သားသမီး များ ဖြစ်သလို မိမိရှေ့ မှောက်မှာ ပင် ကံကြမ္မာမျက်လှည့် ပြသလို ရုတ်ချဉ်း ပြောင်းလဲ သွား တာ ကို သူ မကြံချင်တော့ပါ ။ တစ်ချိန် တွင် မိမိ ၏ သားသမီး များ နှင့် ငြိလာ နိုင်သူမှာ နေရွှေသွေးအောင် ပင် ဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင် မြင့်ဦး တို့ ၏ ဇနီးမောင် နှံ ကို ပင် ထုတ်ဖော်ပြောခဲ့ဖူးသည်။ စစ်သား လည်း ဖြစ် စက်မှု ၁ ၀န်ကြီးလည်း ဖြစ်သည့် ဦးအောင်သောင်းအတွက် လက်ပစ်ဗုံး သုံးလေးငါးလုံး လုပ်ရတာ ဘာမှ ခဲယဉ်းသည့် ကိစ္စ မဟုတ်ချေ။
ထပ်မံ စောင့်မျှော် ဖတ်ရှုပါ။ ကျန်ရှိနေသည့် လက်ခံရရှိမှု များ ကိုလည်း ထပ်မံ ဖော်ပြသွား ပါမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.