သီးခြား စာမျက်နှာ
Thursday, September 1, 2011
ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့  ဆုံ ဖြစ် ခဲ့ သလော
နေပြည်တော် ကို သုံးရက်ကြာ ခရီး သွား ရောက် ခဲ့ တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်
ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဟာ ယခင် စစ်အာဏာရှင် ဟောင်း နဲ့  ယခု အစိုး
ရသစ် ကို နောက် ကွယ်မှ ကြိုးကိုင် နေသူ လို့  ယူဆရသူ  ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့ 
တွေ့ ဆုံ ဖြစ်ခဲ့ တယ် လို့  နေပြည်တော် စစ်ဘက် သတင်း ရပ် ကွက် မှာ ကျယ်ကျယ်ပြန့် 
ပြန့်  သတင်း ထွက် ပေါ် နေတာ ကို ကို ကား ပြီး နေပြည်တော် ပြည်ထဲရေး ၀န်ကြီးဌာန
အဆိုပါ အီးမေး တွင် " နှစ် ဘက် လုံး က အဲဒီ အကြောင်း သတင်း မထုတ် ပြန်ဘူး ၊ ဒေါ်
စု က ရောက် တဲ့ နေ့ ဘဲ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ရဲ့  ဖိတ် ကြား ချက် နဲ့  သူ့  အိမ် ကို
အရင် သွား တာတဲ့ နောက်မှ ဦးသိန်းစိန် ကို တွေ့ တာ " ဟု ရေး သား ထားသည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ တို့ 
နောက် ဆုံး တွေ့ ဆုံ မှု မှာ ၂၀၀၂ ခုနှစ် မေလ တွင် ဖြစ်သည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.