သီးခြား စာမျက်နှာ

Thursday, September 1, 2011

သမ္မတ ဦးသိန်းစိန် အိမ် တွင် ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံ ချိတ်ဆွဲထားခြင်း မရှိ

မြန်မာ နိုင်ငံ ၏ သမ္မတ ဖြစ် သူ ဦးသိန်းစိန် ၏ အိမ် တွင် မြန်မာ့လွတ်လပ် ရေး ခေါင်းဆောင် နှင့်
အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း ၏ မည် သည့် ပုံတူ ပန်းချီကား (သို့ မဟုတ်) ဓာတ်
ပုံ (သို့ မဟုတ် ) ရုပ် တု (သို့ မဟုတ် ) ဗိုလ်ချုပ် အောင်ဆန်း အမှတ် တရ (သို့  မဟုတ် ) ဗိုလ်ချုပ်
အောင်ဆန်း ကို ပြန်လည် အမှတ် တရ ပုံ ဖော် ထား သည့် အနုပညာ မြောက် လက်ရာ ပစ္စည်း
တစ်ခု တစ်လေ ကို မျှ ထား ရှိ ခြင်း မရှိ ဟု ၎င်း ၏ အိမ်သို့  အကြိမ်ကြိမ် ရောက် ဖူး သည့် အဆင့်
မြင့် စစ် ဘက် အရာ ရှိ တစ် ဦး က မြန်မာ ၀ီကီလိခ် သို့ ပေး ပို့  သည့် အီးမေး တွင် ဖော်ပြထား
သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် မှ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသိန်းစိန် တို့  သြဂုတ် လ ၁၉
ရက် နေ့  က နေပြည်တော် ရှိ ဗိုလ်ချုပ်ကြီး တစ်ဖြစ်လဲ ဦးသိန်းစိန် နှင့် တွေ့ ဆုံ ရာ နောက်ဘက်
နံရံ ရှိ ကိုရီးယား နိုင်ငံ လုပ် မီးပန်း ဆိုင်း ပေါ် တွင် အမျိုး သား ၀တ်စုံ ၀တ်ဆင် ထားသည့် ဗိုလ်ချုပ် အောင်ဆန်း ၏ ဓာတ် ပုံ ကို ချိတ် ဆွဲ ထား သည် ကို မြန်မာ နိုင်ငံ ရှိ အစိုး ရ ထိမ်းချုပ်
ထား သည့် ရုပ်သံ လိုင်း များ မှ ထုတ် လွှင့် ပြသခဲ့ ရ ပြည် သူများ တွေ့  ရှိ ခဲ့ သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.