သီးခြား စာမျက်နှာ

Friday, June 17, 2011

KIA နှင့် တိုက်ပွဲ အတွင်းနေပြည်တော် မှ စစ်ရေး သတင်း များ ပေါက်ကြား

ကချင် ပြည်နယ် တွင် အခြေစိုက် သည့် တိုင်းရင်း သား လက်နက် ကိုင် တပ် များ နှင့် တိုက်ပွဲ ဖြစ်
ပွားနေသည့် မြန်မာ စစ်တပ် ၏ ဌာနချုပ် ဖြစ်သည့် နေပြည်တော် တိုင်းကာကွယ် ရေး ၀န်ကြီး
ဌာန မှ သတင်း များ ပေါက်ကြား မှု ကြောင့် KIA တပ်ဖွဲ့ များ က မဟာဗျူ ဟာ မြောက် တံ တား
များ ကို ချိုးပစ် နိုင်ခဲ့ပြီး တိုက်ပွဲ တွင် သုံးရန် သယ်ဆောင် လာသည့် လက်နက် များ ၊ တပ်ဖွဲ့ ဝင်
ဦးရေ တို့  ကို လည်း KIA တပ်ဖွဲ့ များ က သိရှိ နိုင်ခဲ့သည်။


ကချင် ဒေသ ထိုးစစ်ဆင် မှု ကို နေပြည်တော်ကာကွယ်ရေး ၀န်ကြီးဌာန နှင့် အစိုးရ အဖွဲ့ 
များ တွင် ပါ သဘော  ကွဲ လွဲ မှု ရှိပြီး ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ အဖွဲ့ ကမူ ကာကွယ်
ရေး ဦးစီချုပ်  ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင်၏ ယခု လုပ်ရပ်သည် အစိုးရသစ် အခက်ကြုံစေ
ရန် ရည်ရွယ်ပြီး လုပ်ဆောင် နေခြင်း ဖြစ်သည် ဟု ထိုင်း ဘုရင် တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် နှင့် တွေ့ ဆုံပြီး ညနေ မှာ ပင် ၎င်း ၏ အစိုးရ အဖွဲ့ မှ ၀န်ကြီး အချို့ ကို ပြောခဲ့သည်။

တရုတ် က မြန်မာ စစ်တပ် ထက် ကြံ့ဖွတ် ကို ပို ကျောထောက် နောကခံ ပြု

နေပြည်တော် ကာကွယ်ရေး ၀န်ကြီးဌာန မှ ဗိုလ်ကြီး တစ်ဦးက ပြောရတယ် တရုတ် ပြည်
သူ့ သမ္မတ နိုင်ငံ အစိုးရသည် သမ္မတ ဦးသိန်းစိန် နှင့် တွေ့ ဆုံရာ တွင် အရေးပေး ချီးမြှောက်
မှု ရှိပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် ကို မူ လူရာ သွင်း ပြီး ဆက်
ဆံ သည့် ပုံ ပင် မပြ ဟု သိရသည်။

တရုတ် စစ်တပ် အကြီး အကဲ တစ်ဦးဖြစ်တဲ့တရုတ် စစ်ကော်မရှင် ဒုဥက္ကဌ နဲ့ 
အတူ တရုတ် စစ်ထောက်လှမ်းရေး Ministry of State Security of the People's
Republic of China 中华人民共和国国家安全部
က Second Bureauလို့ ခေါ်တဲ့ ပြည်ပ ထောက်လှမ်းရေးညွှန်ကြားရေးမှုး လေးဦး
လိုက်ပါလာပါတယ်
မြန်မာ ပြည်မှ ပြန်သွား ချိန် မှာ  သူ့ ရဲ့  အစီရင် ခံချက် အရ
တရုတ် ကာကွယ်ရေး ဦးစီးချုပ် က မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဟာ ချာတိတ် ပဲ
လို့  ရှန်ဂရီလာ လုံခြုံ ရေး အစည်း အဝေး( စင်္ကာပူ) မှာ အမေရိကန် ၊ စင်္ကာပူ
စတဲ့ တစ်ခြား နိုင်ငံ က ကာကွယ်ရေး ၀န်ကြီး တွေ ကို ပြောခဲ့ ပါတယ်။

နောက် တစ်ခါ တရုတ် စစ်ကော်မရှင် ဒု ဥက္ကဌ ကို နှစ် နိုင်ငံ စစ်ရေး ပူးပေါင်း ဆောင်
ရွက် မှု အတွက် လက်မှတ် ထိုး ခဲ့ပေမယ့် ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် က တောင်း ဆို
ထားတဲ့ ပြည်ပ အခြေစိုက် မြန်မာ အတိုက်အခံ တွေ ရဲ့ လှုပ်ရှား မှု တွေ ကို ထောက်လှမ်း
မှု တွေ မှာ သတင်း ဖလှယ် ပေး ဖို့  လုပ်တာ ကို တရုတ် က ဘာသဘောထားမှ မပေးခဲ့
ပါဘူး ဒါကြောင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် က တရုတ် ကို လက်စားချေတဲ့ သဘောနဲ့ 
တရုတ် နဲ့  ကပ် နေတဲ့ ကချင် ရွေးပြီး တိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဟာ အတိုက်အခံ တွေ အပေါ် ဘယ်လို သဘောထား သလဲ
ဆိုတာ ရှင်း လင်း ပြတ်သားစွာ မသိရသေးပေးမယ့် သူဟာ အတိုက် အခံ တွေ ရဲ့  လှုပ်ရှား
မှု ကို သိရင် သမ္မတ ဦးသိန်း စိန် တို့ ထက် သတင်း အချက် အလက် အသားစီးရပြီး ပိုလှုပ်
ရှား နိုင်မယ် ဆိုတာ ကောင်း ကောင်းသိပါတယ်။ သူ့ မှာ လက်နက် လဲ ရှိတယ်။ စစ်ရေး ဘတ်
ဂျက် ကလဲ တခြား ၀န်ကြီး ဌာနတွေ များတယ် ဆို တော့ သမင် ဆယ် လှမ်း ကျားတစ် လှမ်း
အဖြစ် ကို သူက ပိုလိုချင် ပုံ ရပါတယ်။ သမ္မတ ဦးသိန်းစိန် နဲ့  Power Balance ဖြစ်အောင်
သူဟာ အကွက် ရွှေ့ ချင် ပုံရပါတယ်။

ဒီရွှေ့ ကွက် မှာ အဆုံး အဖြတ်ပေး နိုင်တယ် လို ယူဆဲ့ စစ်ပွဲ ကို ဖန်တီး ပြီး KIA ကို တိုက်တာပါ။
ဒါပေမယ့် ဘယ့်သူ့ လက်ချက် မှန်း မသိတဲ့ သတင်း ပေါက်ကြားမှု တွေက သူနဲ့  သူ့ စစ်တပ် ကို
မျက် နှာ သာ မပေး ပါဘူး။

နေပြည်တော်ကာကွယ်ရေး ၀န်ကြီး ဌာနက ဗိုလ်ကြီး တစ်ဦး ရဲ့  အီးမေး ကို ထုတ်နှုတ်ဖော်ပြထားတာ
ပါ။

အဓိက သတင်း ပေါက်ကြားမှု ကတော့ ၀ိုင်းမော် နဲ့  လိုင်ဇာ က KIA ဌာနချုပ် နဲ့  စခန်း တွေ ကို ဘယ်
နေရာ တွေ က ဘယ် အချိန် ၀င် မယ် ဆိုတာ KIA က ဦးအောင် သိပြီး တံတား တွေ ချိုးလိုက် နိုင်တယ်
လို့ ဆိုပါတယ်။



KIA ဖျက်ဆီးလိုက်သော တံတားများ
မိုးမောက်မြို့နယ် တာပိန်မြစ် ရေကာတာ စီမံကိန်းသို့ ဖြတ်သွားသည့် နမ်ဖတ်ခချောင်း ကြိုးတံတား
ဝိုင်းမော်မြို့နယ်ရှိ မရမ်းချောင်း တံတား
ဝိုင်းမော်-လိုင်ဇာသွား လမ်းပေါ်ရှိ မလီချောင်း တံတား
ဝိုင်းမော်-ကန်ပိုင်တီ လမ်းပေါ်ရှိ လန်နုချောင်း တံတား
ရှမ်းပြည်နယ် တာမိုးညဲ-မုန်းစီ ကားလမ်းပေါ်ရှိ နမ်ဆာချောင်း တံတား
ဖားကန့်မြို့နယ် ကားမိုင်း-လုံးခင်းကြားရှိ တံတား
ဖားကန့်-ဂွီခါကားလမ်းပေါ် ဟိုပင်နှင့် နမွမ်းကျေးရွာကြားရှိ တံတား
ဝါရာဇွပ်-ဘန်ကောက်ကျေးရွာအကြား နမ်ဆန်ချောင်း ကွန်ကရစ်တံတား
ဝါရာဇွပ်- ဘန်ကောက်ကျေးရွာအကြား နမ်ဆန်ရွာအဝင် နမ်ဆမ်ခချောင်း ပျဉ်တံတား
၁၀ ချီဖွေမြို့နယ် တောင်ဘက် ၅၉ မိုင် မေခမြစ်ကူး ကြိုးတံတား













Source: Mizzima News Agency

No comments:

Post a Comment

Note: Only a member of this blog may post a comment.