သီးခြား စာမျက်နှာ

Thursday, September 8, 2011

တေဇ ရဲ့  စီးပွား အင်ပါယာ အတွင်းစည်း (၁)


လုလု ခေါ် ကွမ်းလု ချမ်း ခေါ် ဇော်မင်းသည် Air Bagan တွင် ဒုဥက္ကဌ များ အဖြစ် ဆောင် ရွက် သူ ဖြစ်ပြီး အာဏာပိုင် က မျက်နှာသာပေး ခံရသူ ၏ လက်ထောက်များ အဖြစ် ၎င်း အကြံပေးများ အဖြစ်ဆောင် ရွက် သူများလည်း ဖြစ်သည်။ တရုတ် ၊ မကာအို နှင့် ဟောင်ကောင်တွင် စီးပွားရေး လုပ်ငန်း များ ရှိ သူ လုလု သည် တေဇ ကို "သူ သိသမျှ အကုန် " သင် ပေး ခဲ့ သူ ဖြစ်သည်။ ထုံထိုင်း သော်လည်း ဥာဏ်များ သည့် စစ်ဗိုလ်ချုပ်များ ကြိုက် တတ်သည့် ဟင်းလျှာ များ ကို အလွတ် ကျက်မှတ် ထား ရန် ပင် လုလု က တေဇ ကို သင်ပေး ခဲ့ သည်။ လုလု သည် အမေရိကန် ၏ ငွေကြေး ဆိုင် ရာ လွှဲပြောင်းပိတ်ဆို့  အရေးယူဒဏ်ခတ် ခံရသူများ တွင် တစ် ဦး အပါအ၀င် ဖြစ်သည်။ သူ၏ အမျိုးသမီး မှာ အမေရိကန် နိုင်ငံသား ခံယူထားသူ ခင်ခင်အေးဖြစ်သည်။ သူက ဇော်မင်း ဆိုသည့် နာမည် ဖြင့် အမြဲတမ်း နေထိုင်ခွင့် လက်မှတ် အစိမ်းရောင် ကဒ် ရရှိ ထား ခဲ့ သူတစ်ဦး ဖြစ်သည်။ စင်္ကာပူ လေကြာင်း ကုမ္ပဏီ တစ်ခု ဖြစ်သည့် Regent Air ၏ ပိုင် ရှင် ဂျော့ဆွန်း က ****** ကို ပြော ပြသည်မှာ
လုလု နှင့် တေဇ တို့  သိကျွမ်းမှု သည် နှစ် နှစ်ဆယ် ကျော် ပြီ ဖြစ်သည်။ လုလု သည် စင်္ကာပူ တွင် အခြေစိုက် ပြီး ရုံးခန်း ဖွင့်လှစ်ထားသည့် တေဇ ၏ ပါဗို ကူးသန်း ရောင်းဝယ်ရေး တွင် လည်း အစုရှယ်ယာများ ထည့် ၀င်ထားသူ တစ်ဦး ဖြစ်သည်။ ပါဗို သည် မြန်မာ ပြည်မှ သစ် နှင့် ရေထွက် ပစ္စည်းများ ကို နိုင်ငံခြား သို့  တင်ပို့  ရန် ရည်ရွယ်ဖွင့် လှစ်ထားခြင်း ဖြစ်ပြီး နိုင်ငံ ခြား မှ ပစ္စည်းများ လည်း သွင်း သည်။ ၁၉၆၂ ခုနှစ် တွင် မြန်မာ ပြည်ဉ် မွေးဖွား ခဲ့ သည့် လုလု သည် တေဇ ကို တရုတ် လက်နက် ကုမ္ပဏီ Norinco နှင့် မိတ်ဆက်ပေးခဲ့ ပြီး ထိုလက် နက် ကုမ္ပဏီ မှ ထိပ်တန်း အရာ ရှိ များ နှင့် တေဇ သည် တရုတ်၊ စင်္ကာပူ တို့  တွင် တွေ့ ဆုံး ခဲ့ ပြီး မြန်မာ နိုင်ငံ သို့  တရုတ်လက် နက် များ စီးဝင်မှု ပိုများ လာ ခဲ့ သည်။ +++++++ ၏ သတင်းပေးမှု တွင် တေဇ က ထို လက်နက် များ ကို သူ၏ Air Bagan လေယာဉ်များ ဖြင့် သွင်းယူခဲ့ သည်။ လုလု သည် တေဇ ကို အကောာင် သေး အဖြစ် မှ အကောင်ကြီး အဖြစ် ပြောင်းယူ ခဲ့ သူများ တွင် အခရာ ကျသူ ဖြစ်ပြီး သူ့ ကြောင့် တေဇ သည် ထိတန်း စစ်ဗိုလ်ချုပ် တို့ ၏ ရာသက်ပန် အကြီး အကဲ ၏ မိသား စု ၀င် အဖြစ် ရောက်ရှိ ခဲ့ခြင်း ဖြစ်သည်။ လုလု ၏ နောက်ထပ် တာဝန် တစ်ခု မှာ စစ်ဗိုလ်ချုပ် များ ပြည်ပ ခရီးထွက် ရာ တွင် ထိပ်တန်း ကြေး စား ဖာ များ ရှာ ပေး ခြင်း ဖြစ်သည်။ လုလု သည် ၎င်း ၏ စင်္ကာပူ မိတ် ဆွေ များ မှ တစ်ဆင့် ပြုစုယုယ ကောင်း သည့် ထိပ် တန်း ဖာများ ကို ဗိုလ်ချုပ် ရဲမြင့် ၊ ယခု ဒု-သမ္မတ ဗိုလ်ချုပ်ကြီး တင်အောင် မြင့်ဦး တို့  အတွက် ရှာ ပေး ခဲ့ ဖူး သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.