သီးခြား စာမျက်နှာ

Friday, December 10, 2010

လျှို့ ဝှက်တည်ဆောက်နေတဲ့ မြန်မာနျူကလီးယားစီမံကိန်း အသေးစိတ် (Wikileaks)

မြန်မာစံတော် ချိန် နံနက် ၅း၂၀ မိနစ် အချိန် Wikileaks ကနေ ထပ်မံပေါက်ထွက်လာတဲ့ အမေရိကန် သံရုံး ကြေးနန်း ရှစ်ခု မှာ တော့ မြန်မာစစ်အစိုးရ ရဲ့ နျူကလီးယား အစီအစဉ် ကိုဖော်ပြထားပါတယ်။ ကြေးနန်း ကို ဂါးဒီယန်း သတင်းစာ မှာ အခုလို ဖော်ပြထားပါတယ်။
ဒီကြေးနန်း ရှစ်ခုထဲက တစ်ခုမှာ မြန်မာအတိုက်အခံတွေဟာ အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ထိုင်း နိုင်ငံဆိုင်ရာ အမေရိကန် သံ အမတ်ကြီး ကလည်း ကုလ သံ နဲ့  ညစာစားပွဲ မှာ ထိုင်းက မြန်မာအတိုက်အခံတွေဟာ ပိုးသာကုန် မောင်ပုန်စောင်းမတတ် ဖြစ်နေပြီ လို့ ဆိုထားတာကို Embassy of Bangkok leak က ဖော်ပြထားပါတယ်။

နောက်ဆုံးထွက်လာတဲ့ ကြေးနန်းတစ်ခုမှာတော့ တရုတ်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သည်းမခံ နိုင်တော့တာကို ဖော်ပြထားပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်း လဲရေးအတွက် အားမရဘဲ အာဏာတည်မြဲရေးအတွက် ဗိုလ်သန်းရွှေကလုပ်နေတာဟာ စိတ်ကုန်စရာဖြစ်တယ်လို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံဆိုင်ရာသံအမတ်ရဲ့ မြန်မာနိုင်ငံအပေါ်မှာ ဆက်လက်သည်းမခံနိုင်အောင်ကို ဖြစ်နေကြောင်းကို ဝီကီလိခ်သတင်းစာမျက်နှာပေါ်မှာ ဒီဇင်ဘာ ၉ရက်နေ့နေစွဲနှင့် တင်ပြခဲ့သည်။ 

မြန်မာစစ်ခေါင်းဆောင်တွေဟာ တရုတ်အစိုးရအနေနဲ့ အချိန်ကြာမြင့်စွာ ကျားကန်ရပ်တည်ပေးခဲ့သော်လည်း မြန်မာစစ်အာဏာရှင်တို့ဘက်မှ တစုံတရာပြောင်းလဲမှုမျိုး ပဲဖြစ်ဖြစ်ပြောင်းလည်းမှု လို့ ဆိုရတဲ့ အရိပ်အယောင်တစ်ခုမျှ တွေမြင့်လာရခြင်းမရှိကြောင်းကို တရုတ်သံအမတ်က ထုတ်ဖေါ်ပြောဆိုခဲ့သည်။ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ အသိဥာဏ်ခေါင်းပါးလှပြီး လုပ်ဆောင်နေတဲ့အရာတွေဟာ လက်ခံနိုင်မှုမရှိအကျိုးမရှိဘဲ စီးပွားရေးနှင့် နိုင်ငံရေးအာဏာပျောက်ဆုံးလာပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာရေး စားပွဲဝိုင်းကို ဝေးဝေးရှောင်နေကြောင်း တရုပ်ဘက်ကစိတ်ပျက်မှုများကို ဝီကီလိခ်စာမျက်နှာတွင်ဖေါ်ပြထားသည်။ 

ဒီတစ်ခါ ၀ီကီလိခ်ပေါက်ကြားမှု မှ တရုတ်အစိုးက မြန်မာစစ်အစိုးရကို အပြစ်တင်ထားပြီး အမေရိကန်သံတမန်ကတော့ မြန်မာအတိုက်အခံတွေကို ပြစ်တင်ဝေဖန်ထားတာ တွေ့ ရမှာပါ။







No comments:

Post a Comment

Note: Only a member of this blog may post a comment.