သီးခြား စာမျက်နှာ

Saturday, December 11, 2010

ဒေါ်စုကို ပြန်မလွှတ်ရန် တရုတ်ကမြန်မာကို အကြံပေးခဲ့

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးရီဒေါင်ဘိုက အောက်တိုဘာလ  ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံခြား ရေးဝန်ကြီး ဦးဥာဏ်ဝင်းကို နေပြည်တော်မှာ သွားရောက်တွေ့ဆုံပြီး တရုတ်အစိုးရက ပေးပို့ထားတဲ့  မြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ အမှာစကားကို သွားရောက်ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ် ပေးဖို့အတွက်ကို စဉ်းစားပါအုံးလို့ ပြောဆိုခဲ့တယ်လို့ မိနစ်ပိုင်းလေးအတွင်းကပဲ  မြန်မာအစိုးရရဲ့  နိုင်ငံခြား ရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာနက တာဝန်ရှိသူ ၎င်းရဲ့  နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့  အီးမေးလ် လိပ်စာနဲ့ ပဲ ပို့ လာတဲ့စာမှာ အခုလို ဖော်ပြထား ပါတယ်။
“အနောက် အုပ်စု နိုင်ငံ တွေ ဟာ မထင်မရှား လျှုလျှောက်ဘို ကို နိုဘလ်  ဆုပေးလိုက် တာကြောင့် မြန်မာ နိုင်ငံရဲ့  အချိန် တိုင်းမှာ မိတ်ဆွေရင်း ချာ ဖြစ်ခဲ့တဲ့ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံတော်ကြီးရဲ့ခေါင်းဆောင်တွေဟာ စိတ်ပျက်ရကြောင်း တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်မယ်ဆိုရင် တရုတ်အစိုးရအနေနဲ့  လတ်တလောမှာအခြား ပြစ်မှုတွေ ပါရှိသေး တဲ့ လျှုလျှောက်ဘို ကို ပြန်လွှတ်မှာ မဟုတ်သေးတဲ့အတွက် မြန်မာ အစိုးရ အနေနဲ့  ဒေါ်စု ကို ပြန်လွှတ်ပေးတာဟာ တရုတ်ကို အရှက်ခွဲသလို မရည်ရွယ်ဘဲနဲ့  ဖြစ်နေမှာစိုးတဲ့ အတွက် ပြန်လွှတ်ပေးဖို့ကို စဉ်းစားသင့်တယ်လို့ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးဌာန  မှာ အောက်တိုဘာလ ၂၀ ရက်နေ့ က တွေ့ ဆုံစဉ် ပြောကြားခဲ့တယ်”
 လို့  အဆိုပါအီးမေးလ်မှာ ဖော်ပြထားပါတယ်။ ထိုနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ တရုတ်သံ အမတ်ဟာ အစိုးရရဲ့  အလံပြောင်းမယ့်ပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်လို့ အဆိုပါ နိုင်ငံခြားရေးဝန်ကြီး ဌာန အကြီးတန်းဝန်ထမ်းတစ်ဦး  ရဲ့မေးလ်မှာ ဖော်ပြထားတာဖြစ်ပြီး ဦးဥာဏ်ဝင်း နဲ့  သံအမတ်ကြီး ဘာတွေ ဆွေးနွေးတယ် ဘာအကြောင်းတွေပါတယ်ဆိုတာ မသိရပေမယ့် ဦးဥာဏ်ဝင်းဟာ  အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများ၏ အာရှဒေသအတွင်း အစည်းအဝေးအတွက် ဟနွိုင်းကို မသွားခင် သူ့ ကို တရုတ် သံအမတ်နဲ့  တွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်တယ်လို့ လည်း အီးမေးလ်မှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးက တရုတ်သံအမတ်ကြီးရဲ့ တိုက်တွန်းချက်နဲ့ပတ်သက်ပြီးလည်း စစ်အစိုးရ ခေါင်းဆောင်များကို အစီရင်ခံစာ တင်ထားကြောင်း သူ့ ကို တစ်ဆက်တည်း ပြောခဲ့ပေမယ့်  နှစ်နိုင်ငံ ခေါင်းဆောင်အချင်းချင်း တယ်လီဖုန်း နဲ့  ဖြစ်ဖြစ် ဒေါ်စုအကြောင်း ဆွေးနွေးဖြစ်ခဲ့ကြပေမယ့် အသေးစိတ် ကို သူ မသိရှိ ရဘူး လို့ ဆို ပါတယ်။
မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဟာ အခု လို တရုတ် သံမတ်ကြီး နဲ့ တွေ ဆုံ အပြီး နောက် ရှစ်ရက်အကြာ ဟနွိုင်း အစည်း အဝေးမှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေက ရွေးကောက် ပွဲမှာ ပါဝင်ယှဉ် ပြိုင်မှာမဟုတ် ကြောင်း နဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကို တော့ အတိအကျပြောသွားခြင်းမရှိပါဘူး။
နိုဝင်ဘာလ ၁၃ ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လည်လွှတ်ပေးခဲ့တော့လည်း တရုတ်က ထူးထူးခြားခြား တိတ်ဆိတ် နေခဲ့ပါတယ်။
အခုလို မြန်မာဝီကီလိခ်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကနေ တရားဝင်မဟုတ်တဲ့ စာပေးပို့ မှုဟာ ယမန်နေ့ က ၀ီကီလိခ်ဝဘ်ဆိုတ်ကနေ ဖွင့်ချထားတဲ့ အမေရိကန်သံ အရာရှိတစ်ဦး နဲ့ တရုတ်သံအရာရှိ နေ့လည်စာ သုံးဆောင်စဉ်မှာ တရုတ်သံက  မြန်မာစစ်ခေါင်းဆောင်နဲ့ စစ်အုပ်စုကို ဝေဖန် အပုပ်ချပြီး ၂၄ နာရီ အကြာမှာ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာ ပေးပို့သူရဲ့စာအဆုံးသတ်မှာတော့  ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့အတွက် ၎င်းတို့ဘက်က  နှစ်ကာလ ကြာရှည်စွာရပ်တည် ပေးခဲ့သူတစ်ဦးရဲ့ အငြိုအငြင်ကို ခံခဲ့ရတယ်လို့ ရေးသားထား ပါတယ်။




No comments:

Post a Comment

Note: Only a member of this blog may post a comment.