သီးခြား စာမျက်နှာ

Friday, December 10, 2010

စင်္ကာပူတက္ကသိုလ်က စစ်ဗိုလ်ချုပ်သားသမီးများကို ဥရောပနှင့် သြစတေးလျှ ဗီဇာများရရှိရန် ဆောင်ရွက်ပေးမှု

 
(ပုံမှာတွေ့ ရတာရေချယ် တေဇ ဖြစ်ပါတယ်) 
စီးပွားရေးပိတ်ဆို့ထား ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ အီတလီနိုင်ငံမှာ ဦးတေဇ သမီးအငယ်ဆုံး နာမည်တွေ အဆင့်ဆင့်ပြောင်းထားတဲ့ ရေချယ်တေဇ ရောက်ရှိနေတာ ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံမှာ ပညာသင်ကြားနေရင်းကနေ ဒီနှစ် မေလမှာ ရောက်ရှိသွားတာဖြစ်ပါတယ်။ အီတလီမှာ ကျောင်းတက်နေတာလား ၊ တခြားကိစ္စတစ်ခုနဲ့ ရက်တိုခရီးစဉ်လားဆိုတာ မသိရသေးပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းမှာ စင်္ကာပူကနေရန်ကုန်ကို တစ်ခေါက်ပြန်လည်ရောက်ရှိခဲ့ပါတယ်။သူ့မှာ အစ်ကို ပြည့်ဖြိုးတေဇ နဲ့ ထက်တေဇ ဆိုပြီး ရှိပါတယ်။ သူတို့ မောင်နှမအားလုံးဟာ စင်္ကာပူနိုင်ငံDover Road က United World College ofSouth East Asia မှာ ၂၀၀၅ခုနှစ်ထဲက ပညာသင်ကြားနေတာ ဖြစ်ပါတယ်။ ပြည့်ဖြိုးတေဇ က ဥရောပ သမဂ္ဂတရား ရုံး ကို လျှောက်ထား ခဲ့ပေမယ့် တရားရုံးက ပယ်ချခံရပါတယ်။ ညီဖြစ်သူ ထက်တေဇ လည်း ၀င်ခွင့် ဗီဇ မရရှိခဲ့ပေမယ် ရေချယ် အေး ဆိုတဲ့ နာမည်နဲ့ လျှောက် ခဲ့တဲ့ ရေချယ်တေဇ ကတော့ စင်္ကာပူ မှာ ပညာရေး အကျိုးဆောင် လုပ်ငန်း လုပ်နေတဲ့ အီတလီ နိုင်ငံသူ နှစ်ဦး ဖယ်လီစီတာ နဲ့ မေဂရေး တို့ ရဲ့ အကူအညီ နဲ့ ရရှိ သွား ခဲ့ပါတယ်။

(ကျန်ရှိ နေ သည့် မှတ်တမ်း များ ကို ထပ်မံဖော်ပြပါ မည်)

No comments:

Post a Comment

Note: Only a member of this blog may post a comment.