သီးခြား စာမျက်နှာ

Thursday, December 16, 2010

ဝါရှင် တန် ရှိ မြန်မာ သံရုံးမှ နေပြည်တော် MOFA သို့ အစီရင်ခံစာ




ထပ်မံဖြည့်စွက်ပြီး

 မြန်မာ နိုင်ငံနေပြည်တော်မြို့ ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ လစဉ် ပေးပို့ သည့် အစီရင် ခံစာ များ အနက် မှ မြန်မာဝီကီလိခ် က ရရှိထား သည့် အစီရင်ခံစာ နှစ် ခု အနက် စက်တင်ဘာ လ ၁၇ ရက်နေ့ နဲ့ စက်တင်ဘာလ ၂၉ ရက်နေ့  နေ့ စွဲ တွေ နဲ့  ပေး ပို့ တဲ့ အစီရင် ခံစာတွေ မှာ စိုးအောင်ဆို သူ က လက်မှတ်ရေးထိုးထား တဲ့ သတင်းပေး ပို့မှု တစ်ခု မှာ......
၁(က) ၀ိုင်းစုခိုင်သိန်း က ဆန္ဒပြ နေကြတာ ကို သူ့ အနေကြောက်လန့် ကြောင်း မိမိ တစ်ခုခု ဖြစ်သွားမှာ ကို ကြောက်တယ် "ဖြစ် နိုင်ရင် သမီး ပြန်ချင် တယ်" လို့ မြန်မာ သံရုံး နဲ့  ဖုန်းဆက်သွယ်ပြောကြား စဉ် မှာ ပြောကြားခဲ့ပြီး သံရုံး ဒု အတွင်းဝန် ဦး+++++ ကတော့ ဘာမှ ကြောက် စရာမလို တဲ့ အတွက် မကြောက်နဲ့ ပွဲ အစီအစဉ် တွေ ပြီး ဆုံးအောင် သာ လုပ်လို့ ပြန်လည်ပြောကြား ခဲ့သည်။
၁(ခ) နိုဝင်ဘာလ ဆန်းတွင် တော်လှန်ရေးပါလီမန်ဆို သည့် နောက်ထပ် ပြည်ပ စင်ပြုင် အစိုး ရသစ် တစ်ဖွဲ့ ကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဒေသ တွင် အတည်ပြုဖွဲ့စည်းမည်ဖြစ်ကြောင်းသိရသည်။ ထိုပါလီ မန် အတွက်ဒေါက်တာ စိန်ဝင်း နှင့် ဦးမောင်မောင် တို့ သဘောထားများ ကွဲ နေသည် ဟု သိရသည်။မိုး သီးဇွန် ထိုင်း နိုင်ငံသို့ ထွက် ခွာသွား သည် ဟု သတင်းရပြီး ၊ သံရုံး ရှေ့ ဆန္ဒပြမှုမရှိ ဟု ဖော်ပြထားသည်။ 

 ၁(ဂ) ဘတ်ဖဲလို၊မြောက် ကာရိုးလိုင်း နား နှင့် ဖို့ ဝိန် တွင် လည်း နိုင်ငံရေး လုပ်သည် ဆိုသူများ အချင်းချင်းစည်း လုံးမှု မရှိကြောင်း နှင့် ဖို့ ဝိန် တွင် ၀ိုင်းစုခိုင်သိန်း တို့ ၏ ဖျော်ဖြေပွဲစဉ်ကို အကြောင်း ပြု၍ သဘောထားကွဲလွဲ မှု များ ရှိနေပြီး ABSDF အဖွဲ့ ဝင် ဟောင်းများ စစ်ဝတ်စုံဝတ်ပြီး အလံတင် တာ ကို အခြား နိုင်ငံရေး သမားများ က သဘောမတူ ဟုဖော်ပြထားသည်။ ထို နေ့ စွဲဖြင့် အခြား ကဏ္ဍတစ်ခု တွင် အမေရိကန် မှာ ရန်ကုန် သို့  ငွေလွှဲဝန်ဆောင်မှု ပေးသူ ဦး++++++ကသံရုံး မိသားစု များ ၏ ကထိန် ပွဲတော် သို့  အလှုငွေ ထည့် ၀င်ကြောင်း နှင့် Spaldingအမျိုးအစား Golf Setကိုလည်း ဦး++++ သံတမန် ရေးရာ ဦးစီးဌာန အတွက် ၀ယ်ပေးကြောင်း ပါရှိသည်။  

၁(ဃ) အမေရိ ကန်နိုင်တွင် ဆူရှိ လုပ်ငန်းများ ဖြင့် စီးပွားရေ အဆင်ပြေနေ သူများ မြန်မာ နိုင်ငံသို့ပြန်ချင်ကြောင်း အချို့  အမေရိကန် မြို့ များ ရှိ မြန်မာ အတိုက် အခံ များ အတွက် သတင်း ယူရန်မဖြစ် နိုင်ကြောင်း(ထိုမြို့ များ ကို အစီရင်ခံ စာတင်ပြီး) ထိုမြို့ များ ရှိ ဆူရှီ လုပ်သူများ မြန်မာနိုင်ငံ သို 
ပြန်ချင် ၍ ဗီဇာ လာလျှောက် လျှင်မည် သည်
့ အကြောင်း ကြောင်း ဖြင့် ၎င်းတို့ ရောက်ရှိ လာသော် လည်း ပေးသင့်ကြောင်း နှင့် ထိုသူများကို သံရုံး က သတင်း အလို့ ငှာ အသုံးချ ၍ ရကြောင်း သံအမတ်ကြီး ကိုယ်တိုင် နိုင်ငံခြားရေး ၀န်ကြီးဌာန သို့ သတင်းပေး ပို့ ထားသည်။ နောက်ထပ် တစ်ဆက်တည်းသတင်းပေးမှု တွင် ++++++ ၏ သတင်း ပေးပို့ မှု အရ ညီညီအောင် နှင့် ၀ါဝါကျော်တို့ မင်္ဂလာမဆောင်ရ သေး ဟု ပါရှိသည်။ ထိုနေ့ သတင်းပေးပို့ မှု နှင့် တစ်ဆက် တည်း တွင် ပင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အတွက် James Defense Weekly , Foreign Affairs နှင့် မိသားစု အတွက်Burberry ရေမွေး 75 ML နှစ် ပုလင်း ၊ မျက်နှာကျက် မီးဆိုင်း Dolce and Gabana နှစ်ပုလင်း ၊ PBS ဒီဗီဒီ ၊ စစ်လက်နက်ပစ္စည်းမဂ္ဂဇင်း များ ( ၁၈ အုပ်) ပေး ပို့ သည် ဟု ပါရှိသည်။ 

၁(င) စက်တင်ဘာလ ၂၉ ရက်နေ့ နေ စွဲဖြင့် ပေးပို့ သည့် အစီရင် ခံစာတွင်အမေရိ ကန် နိုင်ငံဆန်ဖရန် စစ္စကို မြို့ မှ မြန်မာ အတိုက် အခံများ ဆန္ဒပြ ပွဲများ နှင့် ဖို့ ဝိန် နှင့် ဘတ်ဖဲလိုး မြို့ ၊ယူတီကာ မြို့ မှ မြန်မာ အတိုက် အခံ တို့ ၏ သတင်းများ မြန်မာ နိုင်ငံပြန်ရန် အတွက် ဗီဇာလာလျှောက်သူ ၁၈ ဦးကို ဗီဇာ ပေး နိုင်ရန် စီစဉ်ပေး ရန် တင်ပြမှု ၊ အမေရိကန် ခြောက်ဦး ဗီဇာ လျှောက်ထားမှု ၊ အမေရိကန် သတင်း စာ တစ်ခု မှ သံအမတ်ကြီးနှင့် တွေ့ ဆုံမေးမြန်းမှု ၊ စသည် တို့ ကို ဖော်ပြထားသည်။ 

၁(စ) အမေရိကန်အစိုးရ ဧည့် ခံပွဲ တစ်ခု တွင် သံအမတ် ကြီး နှင့် အတွင်းဝန် ၀ါရှင်တန် သို့ သွားရောက်ပုံ ၊ သြစတေးလျှ သံအမတ်ကြီး က မြန်မာ့ ရွေးကောက် ပွဲအား မေး မြန်း ခဲ့ ပုံ တို့ ကို ဖော်ပြထားပြီး စက်တင်ဘာ ၂၉ နေ့ စွဲဖြင့် နောက် တစ်ခု တွင် အမေရိကန် ရှိ ဘုန်းကြီးများ သတင်း ၊ နိုင်ငံရေး အကျဉ်း သား ဟောင်း တစ်ဦး အိမ်ပွဲ စား လုပ်နေ သည့် သတင်းနှင့် သတင်းပေးများ မြို့ တိုင်း တွင် ထားရှိနိုင်ရန် စီစဉ် ထားမှု သီးသန့်  လှို့ ဝှက် အစီရင် ခံစာ နှင့် ဘုန်းတော်ကြီး ဦး ပညာဇောတ ၏ မော်တော်ကား သစ်ပင် ပိကျမှု နှင့် နယူးယောက် တွင် ဘုန်းကြီး ကျောင်း နေရာ ၀ယ်သည့် သတင်း တို့ ပါရှိသည်။ဦးပညာ ဇောတ မော်တော်ကား သစ်ပင်ပိကျမှု တွင် ဘုန်းကြီး အာမခံ မလုပ်ထား ပါက ကားလျှော်ကြေမရ နိုင်ဘဲ ဘုန်းကြီးမော်တော် ကားစီးရတော့ မည် မဟုတ် ဟု ပါရှိသည်။ 

၂. ရွေးကောက်ပွဲ နီးလာပေမယ့် အမေရိကန် က မြန်မာ နိုင်ငံရေး သမားတွေ ဘာမှ မလုပ် နိုင်တဲ့အပြင်ဒေါက်တာ စိန်ဝင်း က နောက်ထပ် ဖွဲ့ တဲ့ အစိုးရ သစ် မှာ ရှုံ့ ချဉ် နှပ်ချဉ် ဖြစ်နေတာကို စက်တင်ဘာ ၂၉နေ့ စွဲ နဲ့  သတင်း မှာဖော်ပြထား ပါတယ်။

၂(က) ၂၀၁၀ ရွေးကောက် ပွဲ နှင့် ပတ်သက်ပြီး အမေရိကန် မှ မြန်မာ နိုင်ငံရေး လှုပ်ရှား သူတို့ ဘာမှ မလုပ်
နိုင်ကြောင်း ဖို့ ဝိန်၊ အယ်ဘေနီ ၊ဘတ်ဖဲလိုး ၊ဆန်ဖရန် စစ္စကို နှင့် နယူးယောက် တို့ တွင် အစည်း အဝေး
များ ခေါ်ကြောင်း ရွေးကောက် ပွဲ ကျင်းပသည့် နေ့ များတွင် ၎င်း တို့ အမေရိကန် ဉ် ကန့် ကွက် ဆန္ဒပြပွဲ
များ လုပ်နိုင်ကြောင်း ပါရှိ ပြီး  စက်တင်ဘာ ၂၉ ရက်နေ့ စွဲဖြင့် ပင် ပေး ပို့ ထား သည့် စာတွင် အမေရိကန်
NED နှင့် OSI ဆိုသည့် ခေါင်းစဉ်ငယ် အောက် ဉ် OSI မှ George Soros သည် သမီးဖြစ်သူ အန်ဒရေ
ကို အမွေ လွှဲပေးတော့မှာ ဖြစ်ပြီး အန်ဒရေ ကလည်း အာရှထက် အရှေ့ ဥရောပ နိုင်ငံများ ကို ပိုမိုထောက်ပံ့
နိုင်ဖွယ်ရှိ သည် ဟု ဘီလာရုစ် သံအမတ် ပြောကြားချက် ကို ကိုးကား ပြီး အစီရင် ခံစာတင်ထားသည်။

ထို နေ့ အစီရင် ခံစာမှာ ပင် မြန်မာအစိုးရက စေလွှတ် သည် မဟုတ် သည့် ပညာတော်သင် များ စာ
ရင်း ကို ပြုစု ထား၍ ဒီဇင်ဘာ လ တွင် အပြည့် အစုံ အစီရင်ခံပါမည် ဟု FAX ပေးပို့ မှု မှတ်တမ်း
တွင် ဖော်ပြထားသည်။




မြန်မာ ၀ီကီလိခ် မှာ လက်ခံ ရရှိထားသည့်  အင်္ဂလန် နိုင် ငံ တကာ အကူအညီပေး ရေး ဧဂျင်စီ နှင့်မြန်မာ အဖွဲ့ အစည်းများ ဆက်သွယ် ထားသော ဖိုင်များ ကို လည်း ဆက်လက် ဖော်ပြပါမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.