သီးခြား စာမျက်နှာ

Thursday, December 16, 2010

၂၀၀၆ ခုနှစ် သက်ဆင် ကို ဖြုတ်ချပြီး အာဏာသိမ်းမှု ၏ နောက် တွင် ဘုရင်မကြီး ရှိ

အာဏာသိမ်း သည့် သတင်း ကြေငြာခဲ့သူ ၁၉၈၇ ခုနှစ် အာရှမယ်ဟောင်း ခွန်ကရန် 

၂၀၀၆ ခုနှစ် ကို ထိုင်းဝန်ကြီးချုပ် ကို ဖြတ်ချပြီး အာဏာသိမ်းမှု နောက် ကွယ်တွင် ထိုင်းမိဘုရားကြီး သီရိခောတ်ရှိကြောင်း ၀ီကီလိခ် ၏ ထိုင်း နိုင်ငံဆိုင် ရာ အမေရိကန် သံရုံး၏ ကြေးနန်း ပေါက်ကြားမှု တစ်ခု တွင် ဖော်ပြထားသည်။

ကွယ်လွန် သွားပြီ ဖြစ်သည့် ၀န်ကြီးချုပ် ဟောင်း ဆမတ် ဆုန်ထရာ ဝေခ်ျ နှင့် ထိုင်း နိုင်ငံ ဆိုင်ရာ အမေရိ ကန် သံအမတ်ကြီး အဲရစ် ဂျွန် တို့  တွေ့ ဆုံစဉ် ဖြတ်ချ ခံရ သည့် ထိုင်းဝန်ကြီးချုပ် သက်ဆင် ကို လိုလား သည် ဟု ထင်ကြေး ပေးခံရသည့် ဆမတ် က သံအမတ်ကြီး ကို ယခု လို ပြောကြား ခြင်းဖြစ်သည်။

ထိုင်း နိုင်ငံတွင် တော်ဝင် မိသားစု အား မည် သို့ မျှ ဝေဖန် ၊ အပုတ် ချခွင့် မရှိအောင် တားမြစ်ထားသောကြောင့် ဆမတ် သည် တရား စွဲ ဆို ခံ နိုင်ရသည် ဟု နယူးယောက် တိုင်း သတင်း စာ တွင် ဖော်ပြထားသည်။ သံအမတ် ကြီး အဲရစ် ဂျွန် နှင့် စကားလက် ဆုံကျရာတွင် ဆမတ် က ၎င်း သည် ထိုင်းဘုရင် ကြီး ၏ နိုင်ငံကို ဦးဆောင် နိုင်စွမ်း ကို ယုံကြည်မှု ရှိသော်လည်း ထိုင်းဘုရင် မကြီး ၏ ကွဲပြားခြား နား သည့် နိုင်ငံရေးအမြင်နှင့် နာမကျန်း သည့် ဘုရင် ကြီး ကို ခုတုံး လုပ်ခြင်း များ ကို သူနားမလည် နိုင်အောင် ဖြစ်ရသည် ဟု ပြောဆိုခဲ့သည်။

နန်း သက် ၆၄ နှစ် ရှိပြီ ဖြစ်သည့် ထိုင်းဘုရင် ကြီး အား ထိုင်းစစ်တပ် စစ်ဦးစီးချုပ် ဆွန် ထိ က အာဏာသိမ်းရန် နှစ်နာရီ ခန့် အလို တွင် သွားရောက် ဂါရ၀ ပြုခဲ့ပြီး အာဏာ သိမ်းပြီးနောက် သက်ဆင် ကို ရာထူးမှ ဖယ်ရှားလိုက် သည် ကို သတင်း ကို စစ်တပ် ပိုင် လိုင်းခွဲ ၅ တွင် ကြေငြာ ရန် အတွက် ၁၉၈၇ ခုနှစ် က အာရှ မယ် ဖြစ်ခဲ့ဖူးသည့် သံဝိ န် ခွန် ကရန်အား ထိုင်း ဘုရင်မကြီး ကိုယ်တိုင် စီစဉ် ခြင်း ဖြစ်သည် ဟု ကြေးနန်း တွင် ဖော်ပြထားသည်။

သံအမတ် ကြီး အဲရစ် ဂျွန် နှင့် စကားလက် ဆုံကျရာတွင် ဆမတ် က ၎င်း သည် ထိုင်းဘုရင် ကြီး ၏ နိုင်ငံကို ဦးဆောင် နိုင်စွမ်း ကို ယုံကြည်မှု ရှိသော်လည်း ထိုင်းဘုရင် မကြီး ၏ ကွဲပြားခြား နား သည့် နိုင်ငံရေးအမြင်နှင့် နာမကျန်း သည့် ဘုရင် ကြီး ကို ခုတုံး လုပ်ခြင်း များ ကို သူနားမလည် နိုင်အောင် ဖြစ်ရသည် ဟု ပြောဆိုခဲ့သည်။

နန်း သက် ၆၄ နှစ် ရှိပြီ ဖြစ်သည့် ထိုင်းဘုရင် ကြီး အား ထိုင်းစစ်တပ် စစ်ဦးစီးချုပ် ဆွန် ထိ က အာဏာသိမ်းရန် နှစ်နာရီ ခန့် အလို တွင် သွားရောက် ဂါရ၀ ပြုခဲ့ပြီး အာဏာ သိမ်းပြီးနောက် သက်ဆင် ကို ရာထူးမှ ဖယ်ရှားလိုက် သည် ကို သတင်း ကို စစ်တပ် ပိုင် လိုင်းခွဲ ၅ တွင် ကြေငြာ ရန် အတွက် ၁၉၈၇ ခုနှစ် က အာရှ မယ် ဖြစ်ခဲ့ဖူးသည့် သံဝိ န် ခွန် ကရန်အား ထိုင်း ဘုရင်မကြီး ကိုယ်တိုင် စီစဉ် ခြင်း ဖြစ်သည် ဟု ကြေးနန်း တွင် ဖော်ပြထားသည်။

ထိုင်းဘုရင် မကြီး သည် ၂၀၀၈ ခုနှစ် က ဆမတ် ဆုတ်ထရာဝေ့ အစိုးရ နှင့် သက်ဆင်၏ ယောက်ဖတော်စပ် သူ ဆုမ်ချိုင်း ဝေါင်းဆ၀တ် တို့ အား ဖြုတ်ချသည့် လှုပ်ရှားမှု ကို လည်း နောက် ကွယ်မှ ပံ့ပိုးပေးခဲ့သည် ဟု သတင်းများ ထွက်ပေါ် မှု ကို လည်းဖော်ပြထားသည်။

ထိုင်း နိုင်ငံဆိုင် ရာ အမေရိကန် သံရုံး၏ နောက်ထပ် ကြေးနန်း ပေါက်ကြား မှု တစ်ခု တွင်ထိုင်း အိမ်ရှေ့ မင်းသား မဟာဗာဂျီ ယာလောင် ကွန် မှာ မိန်းမ လိုက်စား လွန်းသူ တစ်ဦး ဖြစ်သောကြောင့် ဘုရင်အဖြစ် မထိုက်တန် ဟု ထိုင်း စစ်ဗိုလ်ချုပ် များ က အဲရစ် ဂျွန် ကို ပြောပြသည် ဟု ပါရှိသည်။ ထိုင်း နိုင်ငံတွင်း ရှိ မီဒီယာ များ မှ ယနေ့ ဝီကီလိခ် ပေါက်ကြားမှု တွင် တော်ဝင်မိသား စု ကို အပြစ်ဖို့ ထား သည့် သတင်းများ ကို ဖော်ပြခွင့်မရရှိ ဟု သိရသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.