သီးခြား စာမျက်နှာ

Sunday, December 5, 2010

ဦးအောင်သောင်း ၏ နိုဝင်ဘာ အာဏာသိမ်းရန်ကြံစည်မှု

ဗိုလ်ချုပ်မှုးကြီး သန်းရွှေက နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် မှာ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လည်လွှတ်ပေးဖို့  ဆုံးဖြတ်အပြီး မှာ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း ဟာ ခမည်းခမက် တော်သူ ဒု ဗိုလ်ချုပ် မှုးကြီးမောင်အေး အိမ်ကို နိုဝင်ဘာ လ ၁ ရက်နေ့ မှာ သွားပြီး ဒေါ်စု လွတ်လာရင်... "ကျွန်တော်တို့  လဲ သေဖို့ ပဲ ရှိတော့ တဲ့ အကြောင်း အာဏာသိမ်းဖို့ လိုအပ်ပြီး ကျွန်တော်က ဗိုလ်ချုပ်မှုးကြီး (မောင်အေး ကို ပြောခြင်းဖြစ်သည်) အာဏာသိမ်းတာ ကို ငွေအား လူအား နဲ့ ပုံအော ထောက်ခံမယ် ဆိုတဲ့ အကြောင်း " ဗိုလ်ချုပ်မှုးကြီး မောင်အေး ကတော့ ထိုကိစ္စကိုသဘောမတူဘဲ " ဗိုလ်မှုးကြီး မိန်းမ နဲ့ ဆွေးနွေး ပါအုံး.. ကျွန်တော်ကဒီလိုမျိုး ဖြစ်သွား တာ ပိုကောင်းတယ်လို့ မထင် ဘူး” ဟု ပြောကာနားချခဲ့ရသည်။ ဒေါ်ခင်ခင်ရီ ကလည်း ယူနိုက်တက် အမရာဘဏ် ဖွင့် ပွဲ အတွက် ဒေါ်ကြိုင်ကြိုင် အား ဖိတ်စာသွားပေးရာ "ဒီသင်္ဂျိုင်း ကုန်း မကြီး ဖိတ်လည်း အလကားပဲ သေမှာကြောက်လို့ လာမှာမဟုတ်ဘူး" ဆိုတာကို နေပြည်တော်တိုင်းမှုး ဟောင်း ဗိုလ်မှုးချုပ် ဝေလွင် ဇနီးမောင်နှံ ရှေ့ မှာ ပင် ပြောခဲ့သည်။ နအဖ စစ်အုပ်စု အတွင်း ပဉ္စမ မြောက် ဓန ဥစ္စာ စုဆောင်းထားရှိမှု အရှိ ဆုံး ဟု ယူဆရ သည့်ကုန်သွယ်ရေး (၁) ညွှန်မှုး ဘ၀ မှ စက်မှု ၁ ၀န်ကြီး နှင့် ကြံ့ဖွတ် အတွင်းရေးမှုး ဖြစ်လာသည့် ဦးအောင်သောင်း ၏ နိုဝင်ဘာ အာဏာသိမ်းရန် ကြံ့စည် မှု ကို မနက်ဖြန် မှ စ၍ အခန်းဆက်နေ့ စွဲ အလိုက်ဖော်ပြပါမည်။ ရွေးကောက်ပွဲ မတိုင်ခင် နေ့ ရက် များ နှင့် ဒေါ်စု မလွတ်မြောက်သေးခင် အတွင်း နေပြည်တော်အသံ တိတ် ဆိတ် မှု နှင့် ပတ် သက် ၍ သတင်း ထွက်ပေါ်မှု အချို့  ကို ဧရာဝတီ သတင်းဌာန နှင့် Freedom News Group သတင်းဌာန ၏ ထိုအချိန်က ဖော်ပြခဲ့သည့် သတင်းများ တွင်ကြည့်ရှု နိုင်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.