သီးခြား စာမျက်နှာ

Monday, December 6, 2010

ဦးအောင်သောင်း ၏ အာဏာသိမ်းရန်ကြံစည်မှု (အပိုင်း ၁)

တပ်မတော် အရာရှိ ဟောင်း ဦးအောင်သောင်း သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို ဖြုတ်ချပြီး အာဏာသိမ်းရန်အကြံအစည် ကို စတင်ခဲ့ခြင်း မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာမည် ကို စတင် သိရှိကတည်းက ဖြစ်သည်။စက်တာဘာလ နှောင်း ပိုင်းမှာ ၀န်ကြီး ဦးအောင်သောင်း ဟာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အိမ် ကို အ၀င်အထွက်ရှိ ပေမယ့် သူကိုယ်တိုင် အာဏာ သိမ်းဖို့ မဖြစ် နိုင်တာကြောင့် (သူ၏ ပီအေ ဗိုလ်ကြီးကိုကို နိုင် အကြံပေး ခြင်းဖြစ်သည်) သူအကြံအစည် အတွက် ဦးဆောင် ဦးရွက် ပြုနိုင်မည့် သူ များကိုချဉ်း ကပ်ခဲ့ရာမှာနောက်ဆုံးတွင် နေ့ စဉ် ယမကာ မှီဝဲ သော်လည်း သူနှစ် ခမည်းခမက် တော် စပ်သည့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ကို ချဉ်းကပ် ခဲ့ခြင်း ဖြစ်သည်။
ဒုဗိုလ်ချုပ်မှုးကြီးမောင်အေး အား မချဉ်းကပ်ခင် မှာ ဗိုလ်ချုပ်မှုးကြီး မောင်အေး ရဲ့ ညီမ ၊ ဇနီး နဲ့  သူမ ချွေးမ ဖြစ်သူ တို့ ကို အရင် ချဉ်းကပ်ကာ ဗိုလ်ချုပ်မှုးကြီး သန်း ရွှေ အသက် လည်းကြီး အုပ်ချုပ်ရေး ပိုင်း လည်း မနိုင်နင်းတော့ ၍ သူ့ ကို အမြန်မ ဖယ်ရှားလျှင် အား လုံး ဒုက္ခရောက်ကြမည့် အကြောင်း များပြောကာ ဒုဗိုလ်ချုပ်မှုးကြီး မောင်အေး ၏ အတွင်းစည်း ကို ကနဦး စည်းရုံးမှု ပြုခဲ့ခြင်း ဖြစ်သည်။


ဗိုလ်ချုပ်မှုးကြီး သန်းရွှေက နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးဖို့  ဆုံးဖြတ်ချက်ချအပြီး တွင် စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း ဟာ ခမည်းခမက်တော် သူ ဒု ဗိုလ်ချုပ် မှုးကြီး မောင်အေး အိမ်ကို နိုဝင်ဘာ လ ၁ ရက်နေ့ မှာ သွားပြီး ဒေါ်စု လွတ်လာရင် 


"ကျွန်တော်တို့ လဲ သေဖို့ ပဲ ရှိတော့ တဲ့ အကြောင်း အာဏာသိမ်းဖို့ လိုအပ်ပြီး ကျွန်တော်ကဗိုလ်ချုပ်မှုးကြီး (မောင်အေး ကို ပြောခြင်း ဖြစ်သည်) အာဏာသိမ်းတာ ကို ငွေအား လူအား နဲ့ ပုံအော ထောက်ခံ မယ် ဆိုတဲ့ အကြောင်း " ....

ဗိုလ်ချုပ်မှုးကြီး မောင်အေး ကတော့ ထိုကိစ္စကို သဘောမတူဘဲ " ဗိုလ်မှုးကြီး မိန်းမ နဲ့ ဆွေးနွေး ပါအုံး.. ကျွန်တော်က ဒီလိုမျိုး ဖြစ်သွား တာ; ပိုကောင်းတယ်လို့ မထင် ဘူး ဟု ပြောကာ နားချခဲ့ရသည် "

ဝန်ကြီး ဦးအောင်သောင်းက အခုလို အာဏာသိမ်း ဖို အတွက် ဗိုလ်ချုပ်မှုးကြီး မောင်အေး ကိုချဉ်းကပ်လာခြင်းဟာ အရပ်ဝတ် ဖြစ်နေတဲ့ သူကိုယ်တိုင် ဘယ်လို မှ အာဏာသိမ်း ဖို့  အထမမြောက် နိုင်တဲ့ အတွက် ဖြစ်ပါတယ်။ဦးအောင်သောင်း အနေနဲ့  အာဏာသိမ်းချင် တဲ့ စိတ်တွေ ပေါ်ပေါက်လာတာ ဟာ သူ့ သားဖြစ်သူရဲ့ Air InnLay လေကြောင်းလိုင်း ကို မြန်မာ နိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်းကြီး အဖြစ် အသက်သွင်းဖို့ နဲ့ ရတနာ နဲ့ ရဲတံခွန် ရေနံ သဘာဝ ဓာတ်ငွေ့ ပိုက် လိုင်း တွေ ကို လက်ဝါးကြီး အုပ်ထား နိုင်ဖို့ ၊ရခိုင်-တရုတ်ရေနံ သဘာဝ ဓာတ်ငွေ့  ပိုက်လိုင်း ဖောက်ယူ သွယ်တန်း နိုင်ဖို့ နဲ့  သူပြုခဲ့တဲ့ မကောင်းမှု တွေ သံသရာ တစ်ပတ် ပြန်လည်လာ မှ ကြောင့် ဖြစ်နိုင် တယ် လို့ သူနဲ့  မကွေးမြို့ မှာ တာဝန်ထမ်းဆောင် ဖူးတဲ့ ဗိုလ်မှုးကြီး ဟောင်း တစ်ဦး က ထင်မြင်ချက်ပေးသည်။


ဝန်ကြီး ဦးအောင်သောင်းသည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေရဲ့မြေးဖြစ်သူ နေရွှေသွေးအောင် ကိုလည်း လုပ်ကြံရန်စီစဉ်ခဲ့ခြင်း ဖြစ်သည်။ နေရွှေသွေးအောင် လုပ်ကြံခံရပါက ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က အတိုက်အခံများ ကို ပိုမို နှိပ်ကွပ်လာနိုင်မည် တွက်ဆထားသော်လည်း ကြံ့ဖွံ့ ပါတီ ဌာနချုပ်မှသူ့ ရဲ့ လူယုံ စစ်တပ် အရာရှိ တစ်ဦးက

“သူ့ မြေး အား လုပ်ကြံလျှင် ဗိုလ်ချုပ်မှုးကြီးက ရန်ကုန် မှာ ဗုံးတွေ ကွဲ သလို ဟို လူ့ လက်ညှိုးထိုး ဒီလူ့ လက်ညှိုးထိုး စွပ်ဆွဲ မှုတွေ လုပ်မှာ မဟုတ်ကြောင်း သေချာ အောင် လိုက်လံစုံစမ်းပြီး အရေးယူလျှင် အားလုံးပြေး စရာမြေမရှိ ဖြစ်နိုင်ကြောင်း” 
အကြံပေးသော ကြောင့်လက်လျှော့ လိုက်ရပြန်သည်။ 

သို့ သော်လည်း နေရွှေသွေးအောင် လုပ်ကြံရေး အတွက် စိတ်မကုန်သော ဦးအောင်သောင်းက စက်မှု (၁)မှ အမရာဘဏ် (သူကပြောင်းလဲ တာဝန်ထမ်းဆောင်စေခြင်းဖြစ်သည်) သို့ ပြောင်းသွား သည့် အရာရှိ ငယ်တစ်ဦးအား ဗိုလ်ချုပ်မှုးကြီး မြေး သွားတတ်သည့် နေရာများ အားလိုက်လံ စုံစမ်းရန် နှင့် လိုအပ်လျှင်ရင်းနှီးမှု ရရှိရန် ပင် ဆောင်ရွက်ရန် ပါရာဒို ၉၅ ခုနှစ် ထုတ် အစိမ်းရောင် ကား တစ်စီး နှင့် ငွေစိတ်တိုင်းကျသုံးနိုင်ရန် စီစဉ်ပေး ခဲ့သည်။ 

၂၀၁၀ ခုနှစ် ဇူလိုင်လ ကတည်းက ကြံ့ဖွံ ပါတီ ရန်ကုန် တိုင်း ဌာနချုပ် ရုံးတွင် နိုင်ငံရေး တတိယ အင်အားစုများ ကို တွေ့ ဆုံရာဉ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရုတ်တရက် ရာထူးမှ ဖယ်ရှားခံ ရပါက ခင်ဗျား တို့ ဘာလုပ်မလဲလို့ တီးခေါက်ခဲ့သည်။ရံဖန် ရံခါ တွင်တော့ သူက လက်အောက်ငယ်သားများ နှင့် အခြား နအဖ အရာရှိ များ နှင့် တွေ ဆုံ ချိန် တွင် ကျွန်တော်နဲ့  ဗိုလ်ချုပ်မှုးကြီးက လက်မောင်းသွေးဖောက်ပြီး သစ္စာပြုထား ကြတဲ့ သူတွေ ဗျာ တစ်ယောက်ရဲ့ ဘ၀ ကို တစ်ယောက် က ကာကွယ်စောင့်ရှောက် ဖို့ လက်မနှေးဘူး ဟု လည်း ကြွားဝါပြောဆို တတ်သည်။

ဦးအောင်သောင်း ၏ အဏာသိမ်းရန်ကြံစည် မှု အပိုင်း ၂ ကို မနက်ဖြန် စောင့်မျှော်ဖတ်ရှုပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.