သီးခြား စာမျက်နှာ

Wednesday, May 9, 2012

( ထိုင်း ) အကြံအစည် နဲ. နယ်စပ်ပြသာနာ


အိမ်နီးချင်းတွေအကြောင်း ဆောင်းပါးတွေအခုတလောတော်တော်များများတွေ.ရ၊ဖတ်ရပါတယ်။ ကချင်ပြည်နယ်စပ်က အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်ကြီးအကြောင်းဖတ်ရင်းအခုတလော အချိန်ကိုက်လှုပ်ခတ်လာတဲ့ အိမ်နီးချင်း ( ထိုင်းနိုင်ငံ ) အကြောင်းတွေးမိ၊ဖတ်မိ၊ရေးမိလာရပြန်ပါတ
ယ်။

အိမ်နီးချင်းတရုပ်နိုင်ငံနယ်စပ်က ကချင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားပြီး၊ မငြိမ်းချမ်းသေးပေမယ့်၊ အိမ်နီးချင်းထိုင်းနယ်စပ်ရှိ ကရင်ညီအကိုတွေနဲ. ငြိမ်းချမ်းရေးတွေအဆင့်ဆင့်ရရှိပြီး ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် လက်တကမ်းသာလိုတော့ကြောင်း ဖတ်ရ၊ တွေ.ရတော့ လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ နှစ်ပေါင်း(၆၀)ကျော် အသက်သွေးတွေပေးဆပ်ခဲ့ရတဲ့ ညီအကိုသွေးချင်းတွေရဲ.တိုက်ပွဲတွေပြီးဆုံးပြီ
ဇွဲကပင်မှာ ဖားစည်သံတွေဝေပြီပေါ့ဆိုပြီးနေတုန်း ………..

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တပ်ဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဖမ်းဆီးရန် ဧပြီလ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ မူးယစ်ဆေး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး
(Office of the Narcotics Control Board – ONCB) က ဆုငွေ ထိုင်းဘတ် ၁ သန်း (ဒေါ်လာ ၃,၂၀၀၀ ခန့်) ထုတ်လိုက်သည်လို.တွေ.လိုက်ရပါတယ်။

အဆိုပါ ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဟာ၊ ယနေ.ဆွေးနွေးနေဆဲကရင်ပြည်နယ်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်နေတဲ့ အဖွဲ.အစည်းတစ်ခုဖြစ်နေတာကြောင့်ပိုပြီးစိတ်ပူသွားမိပါတယ်။

ဒါကြောင့် ထိုင်းဘက်ကကြေညာတဲ့ ဖြစ်စဉ်ကိုလေ့လာကြည့်မိပါတယ်။" ၂၀၀၃ ခုနှစ်က ထိုင်းနိုင်ငံပိုင်နက်၊ ဝေါ်လေရွာအနီးတွင် ပိုင်ရှင်မဲ့စိတ်ကြွဆေးပြား(ရာဘ)အလုံးရေ ၉ ဒဿမ ၄ သန်း ဖမ်းဆီးရရှိခဲ့မှုနှင့် ပတ်သက်၍ (ONCB) အဖွဲ့က
စောလားပွယ်တွင် တာဝန်ရှိသည်ဟုဆိုကာ ဆုကြေးငွေ ထုတ်ထားခြင်းဖြစ်ကြောင်းတွေ.ရပါတယ် "

ထိုင်းနိုင်ငံဘက်ကကြေညာချက်ကိုဖတ်ရင်း တွေးစရာ(၂)ခုပေါ်လာပါတယ်၊ ပထမအချက်က၂၀၀၃ ခုနှစ်က ဖြစ်ခဲ့တဲ့ပြသာနာကို (၉)နှစ်အကြာမှ ပြန်လည်ဖော်ထုတ်လာတဲ့အချက်၊ဒုတိယအချက်က ဖမ်းဆီးရမိတဲ့ပစ္စည်းတွေက ( ပိုင်ရှင်မဲ့ ) တဲ့ ဒါဆိုလက်ဝယ်မိတဲ့တရားခံမရှိဘဲဘာကြောင့် ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်ချုပ် စောလားပွယ်ကို သေချာပေါက်တရားခံပါလို.
စွပ်စွဲနိုင်သလဲဆိုတဲ့အချက် တွေးစရာ၊ စဉ်းစားစရာပေါ်လာခဲ့ပါတယ်။

ဒါနဲ.ပဲ အဲဒီကြေညာချက်အပေါ် အစွပ်စွဲခံရတဲ့ ဗိုလ်ချုပ် စောလားပွယ်တို.ဘက်ကဘာတွေပြောမလဲ ဆက်ပြီးလေ့လာကြည့်ပါတယ်။




ဗိုလ်နှုတ်ခမ်းမွေး(ခ) ဗိုလ်ချုပ် စောလားပွယ်က မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း မရှိကြောင်း၊ထိုင်း မူးယစ်းဆေးဝါး တိုက်ဖျက်ရေး အဖွဲ့အစည်းအနေနှင့် လာရောက် စစ်ဆေးမှုများပြုလုပ်နိုင်ပြီး ၎င်းတို့ဘက်မှ တိုက်ခိုက်မှုများ မပြုလုပ်ဟု အာမခံကြောင်း ပြောသည်။

“ဒီစွပ်စွဲမှုဟာ ကျနော်အပြင် ကျနော့်လူမျိုးနဲ့ တိုင်းပြည်ကို ထိခိုက်တယ်။အပြစ်ရှိရင် ကျနော်ကိုယ်တိုင် ခံမယ်။ နိုင်ငံတကာခုံရုံးအထိ သွားရမယ်ဆိုရင် သွားမယ်။တကယ်လို့ ကျနော့်မှာ အပြစ်မရှိဘူးဆိုရင် ဒီစွပ်စွဲမှုကို ပြန်ပြီး အရေးယူ ဆောင်ရွက်ပေးရမယ်၊ ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့အနေနှင့် ကရင်တိုင်းရင်းသားများအပေါ်အထင်သေးကြောင်း၊ မကောင်းသည့် နည်းလမ်းဖြင့် လုပ်စားရန်အတွက်လုံးဝ စိတ်ကူးမရှိကြောင်း " ပြောကြားလိုက်သည်။

ထိုသို.တောင်းဆိုပြောကြားချက်နဲ.စပ်လျဉ်းပြီး ထိုင်းဘက်မှ" ဗိုလ်ချုပ်စောလားပွယ်သည့် ထိုင်းနိုင်ငံသို့ လာရောက်အဖမ်းခံခြင်းမှတပါး ရွေးစရာလမ်းမရှိ"ဟု ထိုင်းရုပ်သံသတင်း၌ တုန့်ပြန်ပြောဆိုခဲ့သည်။

ဆက်လက်ပြီး မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသည်ဟု ဆုငွေထုတ်ခဲ့သည်ကိုတုန့်ပြန်သည့် အနေဖြင့် ဗိုလ်ချုပ်စောလားပွယ်ကိုယ်တိုင် ၎င်းတို့၏ ကလို့ထူးဘောဌာနချုပ် ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင် တွင် မေ ၁ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး၊
ဒီကေဘီအေ ပြောခွင့်ရ ဗိုလ်မှူးကြီးစန်းအောင်က
" သူတို့(ထိုင်း)က ဖူးနှုတ်ခမ်းမွှေးကို ဖမ်းမယ်ဆိုတာက ဘယ်ခုနှစ်က ရတဲ့ဓါတ်ပုံတွေ သက်သေတွေလည်း မသိဘူး။
ဒီလို စွပ်စွဲတာတော့ ကျနော်တို့အတွက် အောင့်တယ်၊ နာတယ်။ သူတို့(ထိုင်း)နှင့်တကွ နိုင်ငံတော် က ဖွဲ့ထားတဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးနဲ့ လာပြီး လေ့လာ မယ်ဆိုရင်လည်း ရတယ် "

၎င်းက”ထိုင်းအစိုးဘက်က အခြေအမြစ်မရှိတဲ့စွပ်စွဲချက်တွေကို နိုင်ငံတကာက ပိုမိုသိရှိဘို့အတွက် သတင်းစာ ရှင်းလင်းပွဲ မေလ(၁၀)ရက်နေ.မှာထပ်လုပ်မှာဖြစ်တယ်။ ပြည်တွင်းက နိုင်ငံခြားသတင်းဌာနတွေနဲ့ ပြည်တွင်းသတင်းဌာနတွေအပြင် ထိုင်းမှာ အခြေစိုက်တဲ့ သတင်းဌာနတွေကိုလည်း ဖိတ်ထားတယ်။ သတင်းထောက်တွေရဲ့ သွားလာရေးနဲ့
လုံခြုံရေးအတွက် ကျနော်တို့အားလုံးတာဝန်ယူထားတယ်” ဟုပြောသည်။

ထိုင်းနိုင်ငံအခြေစိုက်နိုင်ငံခြားသတင်းဌာနများနှင့် ပြည်တွင်းသတင်းဌာနများကို ဖိတ်စာများ ပေးပို့ထားပြီး လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် ခရီးစဉ်ကို မြ၀တီမြို့မှတဆင့် သွားရောက်နိုင်ရန် စီစဉ်ထားပြီး သတင်းစာ ရှင်းလင်းပွဲအတွက် ကရင်၊ မြန်မာ၊ ထိုင်း၊ အင်္ဂလိပ်၊ဂျပန်၊ ဘာသာပြန်များ စီစဉ်ပေးထားသည်ဟုလည်း ပြောသည်။

မြ၀တီခရိုင်ရှိ DKBA ဌာနချုပ်တွင်ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နှင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများကိုလည်း ဖိတ်ကြားထားသည်ဟုဗိုလ်မှူးကြီးစန်းအောင်က
ဖြည့်စွက်ပြောကြားသည်။

နယ်စပ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ယခင်ကထိုင်းစစ်တပ်နှင့်DKBA အကြား ပူးပေါင်း ဆောင်ရွက်များ ရှိခဲ့သည်ဟု ဗိုလ်မှူးကြီးစန်းအောင်ကပြောကြားသေးသည်။


ဆက်လက်ပြီး ဗိုလ်မှူးချူပ်စောကျော်သက် (DKBA) ကလည်း
" အခုလို ထိုင်းဘက်ကမတရားစွပ်စွဲချက်နဲ.ပတ်သက်ပြီး နိုင်ငံတကာမှူးယစ်ဆေးဝါးတိုက်ဖျက်ရေး(DEA) သို.လည်း
အကြောင်းကြားထားပါကြောင်း၊ နိုင်ငံတကာ-DEA ရော၊ ထိုင်းက (ONCB)ရောအချိန်မရွေးလာရောက်ပြီး သူတို.သံသယရှိတဲ့နေရာကို သွားရောက်စစ်ဆေးနိုင်ကြောင်း၊အစစ်ဆေးလည်းခံနိုင်ကြောင်း၊ အချိန်ကာလကြိုက်သလောက်နေပြီး စုံစမ်းစစ်ဆေးနိုင်ကြောင်း၊
၎င်းအဖွဲ.အစည်းများရဲ. လုံခြုံရေးကို အပြည့်အ၀တာဝန်ယူပေးမှာဖြစ်ကြောင်း၊ သူတို.ဘက်ကသက်သေအထောက်အထားမပြနိုင်ပါက သူတို.စွပ်စွဲချက်ကို သူတို.ပြန်လည်တာဝန်ယူရမှာဖြစ်ကြောင်း၊ DKBA အနေဖြင့် ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် ဟူသော
အမည်နဲ.အညီ ဘုရားမကြိုက်၊ တရားမဲ့သော မည်သည့်အလုပ်မျိုးကိုမှ မလုပ်ခဲ့ကြောင်း"ထပ်မံပြောဆိုပါသည်။

ထိုကဲ့သို.မေလ(၁)ရက်နေ.က တုန်.ပြန်ရှင်းလင်းလိုက်ပြီးနောက် ထိုင်းဘက်မှဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးလွှဲပြောင်းပေးရန် ထိုင်းနိုင်ငံရှိ မူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး (ONCB) က မြန်မာအစိုးရထံ တောင်းဆိုလိုက်ပြန်သည်။

ဗိုလ်နှုတ်ခမ်းမွေး ထိုင်းတွင် တရားရင်ဆိုင်ရန် မြန်မာအစိုးရက ဖမ်းဆီးလွှဲပြောင်းပေးရေး ONCBက မြန်မာရဲချုပ်ကို
တောင်းဆိုထားကြောင်း၊ ထိုင်းဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ် သွားစေလိုပါက ယင်းကိစ္စအတွက် မြန်မာနိုင်ငံသို့သွားရောက်
ဆွေးနွေးရန် အဆင်သင့်ရှိကြောင်းထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းက ပြောကြားသည်ဟု ဘန်ကောက်ပို့စ် သတင်းစာ
တွင် ဖော်ပြထားသည်။

ONCB အကြီးအကဲတဦးဖြစ်သူ ရဲဗိုလ်ချုပ် Adul Saeng Sing Kaew က မြန်မာ ရဲချုပ်နှင့် ပုဂ္ဂိုလ်ရေးအရ အဆက်အသွယ်ရှိကြောင်း၊
၎င်း အနေနှင့်လည်း မြန်မာနိုင်ငံသို့ သွားရောက် ဆွေးနွေးပြောဆိုရန် အဆင်သင့်ရှိကြောင်း ချလုံ ယူဘမ်ပရုန်းက ဆိုလိုက်သည်။



ထိုင်းဘက်မှတဆင့်တက်လာခြင်း။

ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ယခုရက်ပိုင်းအတွင်း ထိုင်းစစ်တပ်များ တပ်လှန့်ထားသည်။ကလို့ထူးဘောဌာနချုပ် ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင် တွင် မေ ၁ရက်နေ့ကသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နောက် မြ၀တီမြို့နယ်အတွင်းရှိ ဒီကေဘီအေ အခြေစိုက်ရာ ဖလူး၊ ဝေါ်လေ၊ သေ့ဘောဘိုး၊ မေတ္တာလင်းမြိုင်နှင့် ဆုံဆည်းမြိုင် စသည့် ဒေသတလျှောက် တွင် ထိုင်းဘက်မှ ယခုလို စတင် တပ်လှန့်လာခြင်းဖြစ်သည်။

ဗိုလ်မှူးကြီးစန်းအောင်(DKBA)က “သူတို့(ထိုင်းစစ်တပ်) တပ်လှန့်ထားတာ ကျနော်တို့နေတဲ့ နယ်စပ်တစ်လျှောက်လုံးပဲ။ တပ် လှန့်ထားတယ်ဆိုတော့ ကျနော်တို့လည်း စစ်ရေးကြိုတင်ပြင်ဆင်မှု လုပ်ထားတာပေါ့။”ဟု ပြောသည်။
ထိုင်းအစိုးရဘက်မှ တပ်လှန့်ထားသော်လည်း ၎င်းတို့အား တစုံတရာ အကြမ်းဖက် နှောက်ယှက်မှုမပေးပါက ပြန်လည်ပစ်ခတ်မှုများ ပြု လုပ်မည် မဟုတ်ကြောင်းကိုလည်း ဗိုလ်မှူးကြီးစန်းအောင်က “ထိုင်းက ကျနော်တို့ကိုချစ်ရင် ကျနော်တို့လည်း သူတို့ကို ချစ်မယ်။ ကျနော်တို့ကို မုန်းလို့ရှိရင်တော့ ကျနော်တို့လည်း တုန့်ပြန်ရမှာပေါ့။”
ဟု ဆက်ပြောသည်။

လက်ရှိ ထိုင်းအစိုးရက ဒီကေဘီအေ အခြေစိုက်ရာ နယ်စပ်တလျှောက် မြန်မာနိုင်ငံအတွင်းသို့ မဖြတ်ကူးကြ ရန်နှင့်
အလုပ်သွားလုပ်ခြင်း မပြုကြရန် ၎င်းတို့လူထုအား သတိပေးညွှန်ကြားထားကြောင်း ထိုင်းသတင်း
ဝက်ဆိုက် http://m.thairath.co.th၌ ဖော်ပြထားလိုက်သည်။

လတ်တလော အခြေအနေတွင် နယ်စပ် ဂိတ်များကိုလည်း ဆက်လက် ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရက လတ်တလော DKBA နှင့် ထိုင်းစစ်တပ်တို့၏ စစ်ရေးတင်မားမှုနှင့် ပတ်သက်၍ တစုံတရာ ပြောဆိုခြင်း မရှိသေးပေ။

ယခုအခါ နယ်စပ် နှစ်ဖက်ခြမ်းရှိ ဒေသခံများနှင့် မြန်မာဘက်ကမ်း၌ သွားရောက် ရင်းနှီးမြှုပ်နှံထားသော ထိုင်းလုပ်ငန်းရှင်များ အသွားအလာ ရပ်ဆိုင်းထားကြောင်း သိရသည်။






ဖြစ်စဉ်တခုလုံးကိုသုံးသပ်ကြည့်မိခြင်း။

(၁) ၂၀၀၃ ခုနှစ်က ၄င်းတို.ထိုင်းနိုင်ငံအတွင်း ( ပိုင်ရှင်မဲ့ ) တွေ.ရှိဖမ်းမိခဲ့သည်.ဖြစ်စဉ်အားအချိန်ကာလ (၉) နှစ် အကြာ၊
ယခု ၂၀၁၂ ခုနှစ် ကရင်ပြည်နယ်ကြီးတစ်ခုလုံး ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးလက်မှတ်ထိုးတော့မည့်အချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် ပြသာနာဖန်တီးလာခဲ့ခြင်း။

(၂) ဖမ်းဆီးရမိတဲ့ပစ္စည်းတွေက ( ပိုင်ရှင်မဲ့ ) လက်ဝယ်မိတဲ့တရားခံမရှိဘဲ ဘယ်အတွက်ကြောင့်ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်ချုပ် စောလားပွယ်ကို သေချာပေါက်တရားခံပါလို.စွပ်စွဲနိုင်ခြင်း။

(၃) မြန်မာနိုင်ငံသားတစ်ယောက်ကို စွပ်စွဲချက် သက်သက်ဖြင့် တခြားနိုင်ငံအစိုးရထံသို.ဖမ်းဆီးအပ်နှံပေးပါလို. မတရားစော်ကား တောင်းဆိုလာခြင်း။

(၄) နယ်စပ်ဒေသမတည်ငြိမ်ရေးကို ခေါင်းစဉ်အကြောင်းပြချက်တစ်ခုဖြင့် ဖန်တီးပြီး၊ နယ်စပ်တလျှောက်
ထိုင်းစစ်တပ်အင်အားတိုးချဲ.ချထားခြင်း။

(၅) ထိုင်းသတင်း ၀က်ဆိုက် http://m.thairath.co.th ၌ နယ်စပ်တလျှောက် မြန်မာနိုင်ငံ
အတွင်းသို့ မဖြတ်ကူးကြ ရန်နှင့် အလုပ်သွားလုပ်ခြင်း မပြုကြရန် ၎င်းတို့လူထုအား သတိပေးညွှန်ကြားထားခြင်းကဲ့သို. တဖက်သတ် တားမြစ်မှုများပြုလုပ်လာခြင်း။

(၆) (DKBA) ဘက်မှသတင်းစာရှင်းလင်းပွဲများသို. ထိုင်းသတင်းမီဒီယာများမတက်ရောက်ရန်တားဆီးပိတ်ပင်ခြင်း၊
နိုင်ငံတကာသတင်းမီဒီယာများအားလည်း ထိုင်းအစိုးရမှ တားဆီးထားခြင်း။

(၇) DKBA ဘက်မှ နိုင်ငံတကာမှူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ.-DEA ရော၊ထိုင်းက (ONCB)ရောအချိန်မရွေးလာရောက်ပြီး သူတို.သံသယရှိတဲ့နေရာကို သွားရောက်စစ်ဆေးနိုင်ကြောင်း၊ အစစ်ဆေးလည်းခံနိုင်ကြောင်း၊ အချိန်ကာလကြိုက်
သလောက်နေပြီး စုံစမ်းစစ်ဆေးနိုင်ကြောင်း၊ ဆိုသည့်ဖိတ်ခေါ်ချက်အားလည်းထိုင်းအစိုးရဘက်မှ လျစ်လျှူရှူကာ
ဖမ်းဆီးပေးရန်သာ တွင်တွင်ပြောဆိုနေခြင်း။

နိဂုံးချုပ်အားဖြင့် သုံးသပ်ကြည့်ရလျှင် တချိန်က ထိုင်း(၄)ဘတ်-မြန်မာ ၁ ကျပ်ဟု တန်ဘိုးရှိခဲ့သောတိုးတက်ဖွံ.ဖြိုးခဲ့ပြီး၊ ယခုအခါ ထိုင်း(၁)ဘတ်-မြန်မာ(၃၀)ကျပ်ထိအောင် ဆုတ်ယုတ်နေခဲ့ရာကပြန်လည်နိုးထလာမည့် အနာဂတ်မြန်မာနိုင်ငံအပေါ် နိုင်ငံရေးနည်း
အရ ပြသာနာဖန်တီးလာခဲ့ခြင်းပင်ဖြစ်သည်။

မကြာမှီ ငြိမ်းချမ်းတော့မည့် ကရင်ပြည်နယ်ကြီးအတွင်း နိုင်ငံတော်အစိုးရနှင့် ကရင်အဖွဲ.အစည်းများအကြား
သံသယဖြစ်ဘွယ်ရာများ လုပ်ကြံဖန်တီးလာခဲ့ခြင်း၊ နယ်စပ်ဒေသတည်ငြိမ်မှုပျက်ပြားအောင် လုပ်ကြံဖန်တီးကာမြန်မာနိုင်ငံ၏
တိုင်းပြည်တိုးတက်ဖွှံဖြိုးရေးကိုနည်းလမ်းတသွယ်ဖြင့် တားဆီးရေးလုပ်ကြံမှုပင်ဖြစ်နိုင်သည်ဟု ဆင်ခြင်သုံးသပ်မိပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.