သီးခြား စာမျက်နှာ

Monday, April 4, 2011

ကာကွယ်ရေးဝန်ကြီးဌာ န ပြင်ဦးလွင်ကိုရွှေ့ 

နေပြည်တော် ကာကွယ် ရေး ၀န်ကြီး ဌာ န ၏ ဌာန အချို့ မှာ မန္တလေး တိုင်း ပြင်ဦးလွင် မြို့  နယ် ရတနာပုံ တယ်လီ ပုံ အနီး ရှိ အသစ် ဆောက် လုပ် ထားသည့် ရတနာ ပုံ မြို့ သစ် သို့  စတင် ပြောင်း ရွှေ့ နေပြီ ဖြစ်သည်။ ကာကွယ်ရေး ၀န်ကြီးဌာန စခန်းမှုး ရုံး ၊ ကွန်ပျူတာ ဌာန ၊ ဗဟိုကွပ် ကဲမှု ရုံး၊ စိတ်ဓာတ် စစ်ဆင် ရေး ရုံး နှင့် ငွေစာရင်း ရုံး တို့ သည် ပြောင်း ရွှေ့ ရမည် ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီးမှာ ဗိုလ်ချုပ်လှမင်း ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးမှာ ဗိုလ်ချုပ်ကျော်ညွန့်  ဖြစ်သည်။ ကာကွယ် ရေး ဦးစီးချုပ် အသစ် အဖြစခန့်အပ် တာဝန်ပေးခံရသူ ဗိုလ်ချုပ် မင်းအောင်လှိုင် စတင် တာဝန်ထမ်းဆောင်ပြီး နောက် ပြောင်းရွှေ့ ရခြင်း ဖြစ်သည်။ 
ကာကွယ်ရေးဝန်ကြီဌာန ကွန်ပျူတာဌာန မှ အရာရှိအများစုမှာ ရုရှားနိုင်ငံတွင် ပညာသင်ယူခဲ့သူများ ဖြစ်ပြီး ရတနာပုံတယ်လီပို့ တွင် ရုရှားနိုင်ငံမှ ဆက်သွယ်ရေးနည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်သည့် CBOSS ကုမ္ပဏီ က တာဝန် ယူ လုပ်ဆောင်နေသည်။ 
ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများအပါအ၀င် လူတစ် ထောင် ကျော် ရတနာပုံမြို့သစ်သို့ ပြောင်းရွှေ့ ရခြင်း ဖြစ်သည်။ ပြောင်းရွှေ့ ခြင်းခံရသူများ မှာ CBOSS ကုမ္ပဏီမှ ပို့ ချမည့် ISP နည်းပညာသင်တန်းများကို တက်ရောက်ရန် ဖြစ်သည်။ လျှပ်စစနှင့်စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှုးရုံးလည်း ပြောင်းရွှေ့ မှုတွင် ပါဝင်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.