သီးခြား စာမျက်နှာ

Tuesday, December 21, 2010

ဗိုလ်ချုပ်မှုးကြီး နေအိမ်သစ် အတွက် စာရေးဆရာ ဟိန်းလတ် က ဖုန်းရွှေ နည်းဖြင့် စီရင်ပေးခဲ့

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ကြပ်ပြေးနေပြည်တော် မှ နေအိမ်သစ် အတွက် စာရေးဆရာ ဟိန်းလတ်က ဖုန်းရွှေ နည်း လမ်း ဖြင့် စီရင် ပေးခဲ့သည် ဟု မြန်မာ ၀ီကီလိခ် မှ ယနေ့ လက်ခံရရှိထားသော အီးမေးခြောက် ခု အနက် တစ်ခု တွင် ဖော်ပြထား သည်။
အင်္ဂလိပ် နှစ် သစ်ကူးနေ့ ညတိုင်း နိုင်ငံခြားသံတမန် များ ကို ပါ ဗေဒင် ဟောကြားပေးလေ့ရှိ သည်။ စာရေးဆရာ ဟိန်းလတ် သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာ လ အတွင်းနေပြည်တော် ရှိ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ အိမ်သစ် အတွက် ဖုန်းရွှေ နည်းပညာ ဖြင့် စီရင် ပေးခဲ့ သည် ဟု ဖော်ပြထားသည်။ စာရေးဆရာ ဟိန်းလတ် သည် ဗိုလ်ချုပ်ကြီးသူရရွှေ မန်း အတွင်းရေး မှုး၃ဟောင်း ဗိုလ်ချုပ် ၀င်းမြင့် ၊ သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ် သာအေး ၊ ရန်ကုန်မြို့ တော်ဝန် ဗိုလ်မှုးချုပ် အောင်သိန်းလင်းနှင့် မန္တလေးမြို့တော်ဝန် ဗိုလ်မှုး ချုပ် ဖုန်းဇော်ဟန်၊ ပြန်ကြားရေး ၀န်ကြီး ၊ ရန်ကုန် တိုင်းမှုးအဆက်ဆက် တို့ ၏ နေအိမ် များကိုဖုန်းရွှေ နည်းပညာဖြင့် စီရင် ပေးခြင်း၊ စစ်ဗိုလ်ချုပ်များ ၏ ကတော် များ အား အဆောင် လက်ဖွဲ့ ယတြာ များ စီရင် ပေးခြင်း၊ ဗေဒင် ဟောကြားပေးခြင်း များ ပြုလုပ် ပေး သည် ဟု ဖော်ပြထားသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.