သီးခြား စာမျက်နှာ

Tuesday, December 28, 2010

ဓာတ်ပေါင်းဖို အတွက် လိုအပ် သည့် ပစ္စည်းများ ထပ်မံ ၀ယ်ယူ

မြန်မာ ၀ီကီလိခ် မှ ယနေ့ ရရှိထား သော အီးမေး တစ်ခု အရ မြန်မာ စစ်အစိုးရသည် ညူကလီယား လက်နက် ထုတ်လုပ်မှု နှင့် ဓာတ်ပေါင်းဖို တည်ဆောက်မှု တို့ ကို တက်သုတ် ရိုက် ဆောင်ရွက် နေပြီး ဓာတ်ပေါင်းဖို အတွက် လိုအပ်သည့် စက်ပစ္စည်း အချို့  နှင့် လောင်စာ စွမ်းအင် အချို့ နှင့် နည်းပညာ အချို့ ကို စင်္ကာပူ နိုင်ငံ မှ တစ်ဆင့် ၀ယ်ယူရရှိခဲ့ပြီး ထိုပစ္စည်းများ အတွက် အမေရိကန် ဒေါ်လာ နှစ် သန်း ကျော် ကုန် ကျ ခဲ့သည် ဟု သိရသည်။
မြန်မာ နိုင်ငံ၏ ၁၀ မဂ္ဂ၀ပ် အဆင့်ရှိ ညူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရန် ရုရှ အစိုးရ မှ တရားဝင် အကူအညီ ပေး ထားသည့် ဗိုလ်မှုးကြီး ဗစ်တာ ခေါ်လို ပေါဗ် နှင့် အဖွဲ့ သည့် မြန်မာ နိုင်ငံ မှာ ပြန်လည် ထွက် ခွာကာ နောက်ထပ် ဗိုလ်မှုးကြီး အဆင့် ပုဂ္ဂိုလ် တစ်ဦး သုံးနှစ် စီမံကိန်း အတွက် ထပ်မံ ရောက်ရှိ လာမည် ဟု ဖော်ပြထားသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.