သီးခြား စာမျက်နှာ

Thursday, January 6, 2011

ဒေါက်တာ နေ၀င်းမောင် နှင့် အပေါင်းအပါများ ရွှေပြည်တော် ဂျာနယ်ထုတ်ဝေ

စစ်အစိုးရ ရွေးကောက်ပွဲ အား စိတ်ရော ကိုယ်ပါ နစ်ပြီးထောက် ခဲ့သူ ဒေါက်တာ နေ၀င်းမောင် သည် ရွှေပြည်တော် အမည်ရှိ အွန်လိုင်း နေ့ စဉ် တစ်စောင် အား ထုတ်ဝေဖြန့် ချိခဲ့သည် ဟု ၎င်းတည် ထောင် သည့် E-grees အဖွဲ့ မှ အဖွဲ့ ဝင် တစ်ဦးက မြန်မာ ၀ီကီလိခ် သို့ ပေးပို့ သည့် စာထဲတွင် ရေးသားထားသည်။
ထိုသတင်းစာသည် သူ့ လူ ၊ ငါ့လူ မသဲကွဲ စွာဖြင့် ပုံမှားရိုက် ထွက် လာပြီး နောက် ပိုင်းတွင် စစ်အစိုးရ အားလိုလားသည့် ဆောင်းပါးများ ကို ဒီမိုကရေစီ အတွက် လှုံဆော်နေသော ပြည်ပ မီဒီယာ များ မှ သတင်းများဖြင့် ကြားညပ် ဖော်ပြခဲ့သည်။ 

ဒေါက်တာ နေ၀င်းမောင် သည် ရွှေပြည်တော် ဂျာနယ် နှင့် ပတ်သက်ပြီး တင်းကျပ်ဖိနှိပ် လွန်းသော စာ ပေစီစစ်ရေးဌာန၊ ပြန်ကြားရေး ၀န်ကြီး ဌာန နှင့် စစ်တပ် အာဏာပိုင် များ ထံမှ ခွင့်ပြုချက် မယူ ဟု သိရ သည်။ အဆိုပါ ဂျာနယ် ရန်ကုန် မြို့ မှ စီစဉ် ပြီး ထိုင်း နိုင်ငံ ဘန်ကောက် မြို့ မှ တစ်ဆင့် သတင်းများ ကို အွန်လိုင်း တွင် တင်သည်ဟု သိရသည်။ 

ဒေါက်တာ နေ၀င်းမောင် သည် အဆိုပါ ဂျာနယ်ကို နိုင်ငံခြား မှ ထောက်ပံ့ငွေများ ဆက်လက် ရရှိရန် အတွက် ၎င်း၏ ရွေးကောက်ပွဲ ထောက်ခံသည့် အယူအဆ တစ်နည်း တစ်ဖုံ မှန်ကန် သည် ဟု အများက ယူဆလာရန် နှင့် ဒီမိုကရေစီ အင်အားစု များ ကို သွေးခွဲရန် အတွက် ထုတ်ဝေခြင်း ဖြစ်သည်။ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက် ပွဲ တွင် စစ်အုပ်စု က အနိုင်မပေး ခဲ့သည့် Myanmar E Gress မှ အဖွဲ့ ဝင် အချို့ လည်း ထိုဂျာနယ်တွင် ၀င်ရောက် ရေးသားသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.