သီးခြား စာမျက်နှာ

Saturday, December 4, 2010

နောက် ထပ်လည်း leak အုံးမည် ၊ စောင့်မျှော် အားပေးကြပါ


သီရီထက် ။ ။အုပ်စု တွင်း အာဏာလွန် ဆွဲ မှု တွေ လို မျိုး ကြုံတွေ နေရတဲ့ နအဖ အစိုးရ ဟာ သူတို့ ရဲ့  သတင်း အချက် အလက်တွေ ၊မှတ်တမ်း မှတ်ရာ တွေ ၊ ထိပ်တန်း လှို့ ဝှက် ဖိုင် အစရှိတဲ့ အရေးကြီး အချက် အလက် တွေဟာ နိုဝင်ဘာ လ ၂၆ ရက်နေ့ က ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွှန့်  ရဲ့  ဗီဒီယို ပေါက်ထွက် ( Leaks ) သလို မျိုး ထပ်မံ ပေါက်ထွက် လာဖို့ ရှိကြောင်း ယခင် စစ်ထောက်လှမ်း ရေး အရာ ရှိဟောင်း တစ်ဦးက FNG ကို ပြောပါတယ်။ အခု ကမ္ဘာ မှာ လည်း အမေရိကန် စစ်ရေး နိုင်ငံခြားရေး မူဝါဒ လှို့ ဝှက် ချက်တွေ ဟာ Wikileaks ကနေ ပေါက်ထွက် သလိုမျိုး ၊ မြန်မာ စစ်အစိုးရ ရဲ့ လျှို့ ဝှက် ချက် တွေ ဟာ လည်း ထပ်မံပြီး ပေါက် ထွက် လာ နိုင်ဖွယ် ရှိကြောင်း ၊ ထပ်မံ ပေါက် ထွက် လာ နိုင်ဖွယ် ရှိတယ် လို့ ထင်ရတဲ့ ကိစ္စ တွေ အနက် ပိုမို ပေါက် ထွက် လာ နိုင်တာ တွေ ကတော့ စစ်လက်နက် ၀ယ်ယူမှု သတင်းတွေ၊ ညူကလီးယား လက်နက် ထုတ်လုပ် နေမှု တွေ ၊ စစ်ဗိုလ်ချုပ် တွေ ရဲ့တရား မ၀င် ငွေကြေး အလွှဲ အပြောင်း တွေ နဲ့  ၎င်း တို့ ရဲ့ ပိုင် ဆိုင် မှု တွေ ဖြစ်နိုင်တယ် လို့ ဆိုပါတယ်။
ဒီနေ့  လို သတင်းစီးဆင်းမှု အင်မတန် မြန်ဆန်တဲ့ ခောတ်ကြီး မှာ သတင်း အချက်အလက် တွေ ပေါက်ကြား ဖို့ ဆိုတာ အရမ်းလွယ်တဲ့ ခောတ်ဖြစ်ပြီး မြန်မာ စစ်အစိုးရ ထက် နည်းပညာ အဆ တစ်ရာ သာတဲ့ အမေရိကန် အစိုးရ တောင်မှ သတင်း ပေါက်ကြားမှု တွေ၊ အရေးကြီး စစ်ရေး လှို့ ဝှက် ချက် တွေ ပေါက်ကြားမှု ဖြစ်နေတာ မြန်မာ စစ်အစိုးရ အနေနဲ့ ဒါကို တောင့် မခံ နိုင်ဘူး လို့ ရန်ကုန် မြို့ က အင်တာနက် ကဖေး စီးပွား ရေး လုပ်ငန်း ရှင် တစ်ဦး က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ပေါက်ကြား သွား ခဲ့တဲ့ ယခင် ၀န်ကြီးချုပ်ဟောင်း ရဲ့ ဗီဒီယို ဟာ သူငယ်ချင်း လေးယောက် သာရှိပြီး ပြည်ပရောက် နိုင်ငံရေး လှုပ်ရှား သူ အချို့ ကိုဓ မိတ်ဆွေ အဖြစ် အဆက်အသွယ် လုပ်ထားတဲ့ လူသိမများ တဲ့ Face Book အကောင့်တစ် ခု ကနေ ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.